တောလည်ရာကျမ်း 21:32
မောရှေသည်ယာဇာမြို့ကိုမတိုက်ခိုက်မီ လူကို စေလွှတ်၍ထောက်လှမ်းစေ၏။ ဣသရေလအမျိုး သားတို့သည်ထိုမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ များကိုတိုက်ခိုက်သိမ်းပိုက်သဖြင့် အာမောရိ အမျိုးသားတို့သည်ထိုမြို့များမှထွက်ပြေး ကြ၏။
Common Language Bible
In The King James Version
In Context
31သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် အာမောရိပြည်တွင်အခြေချနေထိုင်ကြ လေသည်။-
Cross References
Genesis 15:21အာမောရိအမျိုးသား၊ ခါနနိအမျိုးသား၊ ဂိရဂါရှိအမျိုးသားနှင့်ယေဗုသိအမျိုး သားတို့၏ပြည်များအပါအဝင် အီဂျစ် ပြည်နယ်စပ်မှ ဥဖရတ်မြစ်တိုင်အောင်ကျယ် ပြန့်သောဒေသတစ်ခုလုံးကို သင်၏အမျိုး အနွယ်တို့အားငါပေးအပ်မည်ဟုကတိ ပြုသည်'' ဟုမိန့်တော်မူ၏။
Numbers 32:3``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
Joshua 24:12သင်တို့ချီတက်လာစဉ်ငါသည်သူတို့ကို ကစဥ့်ကလျားဖြစ်စေပြီးလျှင် အာမောရိ ဘုရင်နှစ်ပါးကိုနှင်ထုတ်ခဲ့၏။ သင်တို့၏ဋ္ဌား နှင့်လေးလက်နက်တို့ဖြင့်အနိုင်ရကြသည် မဟုတ်။-
Jeremiah 48:32ယာဇာမြို့သူမြို့သားတို့အတွက်ငိုကြွေး သည်ထက်စိဗမာမြို့သူမြို့သားများ အတွက် ငါပို၍ငိုကြွေးမည်။ အို စိဗမာမြို့၊ သင်သည်ပင်လယ်သေကိုကျော်ဖြတ်၍ ယာဇာမြို့တိုင်အောင်ပျံ့နှံ့သွားသည့်စပျစ် ပင်နှင့်တူ၏။ သို့ရာတွင်ယခုအခါ၌သင် ၏နွေရာသီသစ်သီးဝလံများနှင့်စပျစ် ပင်များသည်အဖျက်အဆီးခံရကြလေ ပြီ။-