တောလည်ရာကျမ်း 21:4
ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟောရ တောင်မှထွက်ခွာ၍ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် အကွာဘာပင်လယ်ကွေ့သို့သွားရာလမ်းအတိုင်း ချီတက်ကြလေသည်။ သို့ရာတွင်သူတို့သည် လမ်းခုလတ်တွင် စိတ်ပျက်အားလျော့လာကြ ပြီးလျှင်၊-
Common Language Bible
In The King James Version
In Context
Cross References
Exodus 6:9မောရှေသည်ထိုအမိန့်တော်ကိုဣသရေလ အမျိုးသားတို့အားပြန်ကြားသော်လည်း သူ တို့သည်ကျွန်ခံရသောဒဏ်ကြောင့်အလွန်ပင် ပန်းနေကြသဖြင့်နားထောင်လက်ခံနိုင်စွမ်း မရှိကြချေ။
Numbers 20:18ဧဒုံအမျိုးသားတို့က``သင်တို့အားငါတို့ ၏ပြည်ကိုဖြတ်သန်းခွင့်မပြုနိုင်။ သင်တို့ ဖြတ်သန်းလာလျှင်ငါတို့သည်အလုံး အရင်းနှင့်ချီတက်၍သင်တို့အားတိုက်ခိုက် မည်'' ဟုဖြေကြားကြလေသည်။
Numbers 20:27ထာဝရဘုရားမိန့်မှာတော်မူသည်အတိုင်း မောရှေဆောင်ရွက်လေသည်။ ဣသရေလအမျိုး သားအပေါင်းတို့ရှေ့တွင် သူတို့သည်ဟောရ တောင်ပေါ်သို့တက်သွားကြ၏။-
Numbers 32:9သူတို့သည်ဧရှကောလချိုင့်ဝှမ်းသို့တိုင်အောင် သွားရောက်ခဲ့ကြ၍ ထိုပြည်ကိုတွေ့မြင်ပြီး နောက်ပြန်လည်ရောက်ရှိလာကြသောအခါ ထာဝရဘုရားပေးသနားတော်မူသော ပြည်သို့မသွားရန်လူတို့ကိုတိုက်တွန်း ကြ၏။-
Deuteronomy 1:40သင်တို့မူကားလှည့်၍အာကာဘာပင်လယ် ကွေ့သို့ဦးတည်လျက် တောကန္တာရထဲသို့ပြန် ကြလော့' ဟုမိန့်တော်မူ၏။''
Judges 11:18ထိုနောက်သူတို့သည်ဧဒုံပြည်နှင့်မောဘ ပြည်တို့ကိုပတ်၍သဲကန္တာရကိုဖြတ်ပြီး လျှင် မောဘပြည်၏အရှေ့ဘက်၊ အာနုန်မြစ် တစ်ဘက်ကမ်းသို့ရောက်ရှိလာသောအခါ ထိုအရပ်တွင်စခန်းချကြ၏။ အာနုန်မြစ် သည်မောဘပြည်၏နယ်နိမိတ်ဖြစ်သဖြင့် ထိုမြစ်ကိုသူတို့မကူးမဖြတ်ကြ။-