တောလည်ရာကျမ်း 23:7
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 28:2သင်၏အဖိုးဗေသွေလနေထိုင်ရာမက်ဆိုပို တေးမီးယားပြည်သို့ယခုသွားလော့။ သင့်ဦး လေးလာဗန်၏သမီးတစ်ယောက်ယောက်နှင့် အိမ်ထောင်ပြုလော့။-
Numbers 22:5အမ္မုန်ပြည်ယူဖရေးမြစ်အနီးရှိပေသော် မြို့တွင် နေထိုင်သောဗောရ၏သားဗာလမ်အား လျှောက်ထားပင့်ခေါ်ခြင်းငှာ စေတမန်များ ကိုစေလွှတ်လိုက်လေသည်။ ဗာလက်၏လျှောက် ထားချက်တွင်``လူမျိုးတစ်မျိုးသည်ထွက်လာ ၍နေရာအနှံ့အပြားသို့ရောက်ပြီးနောက် ယခုငါတို့၏ပြည်ကိုသိမ်းယူရန်ခြိမ်း ခြောက်နေကြပါပြီ။-
Numbers 22:11ဗာလက်ကအီဂျစ်ပြည်မှလာသောလူမျိုး တစ်မျိုးသည် မြေမျက်နှာပြင်အနှံ့အပြား သို့ရောက်ရှိနေကြောင်း၊ ထိုသူတို့ကိုတိုက်ခိုက် နှင်ထုတ်နိုင်ရန်အကျွန်ုပ်အား သူတို့ထံသို့ သွား၍ထိုသူတို့ကိုကျိန်ဆဲပါမည့် အကြောင်းအကြောင်းကြားလိုက်ပါသည်'' ဟုလျှောက်ထားလေသည်။
Numbers 23:18ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
Numbers 24:15ထိုနောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်၏။ ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
Numbers 24:23ဗာလမ်သည်အောက်ပါဗျာဒိတ်တော်ကိုဆင့်ဆို သည်။ ``မြောက်အရပ်တွင်မည်သူတို့စုရုံးနေကြ သနည်း။