တောလည်ရာကျမ်း 24:1
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ကို ကောင်းချီးပေးစေလိုကြောင်းသိမြင်သော အခါ ဗာလမ်သည်ယခင်ကကဲ့သို့ထာဝရ ဘုရားထံမှ ဗျာဒိတ်ရူပါရုံခံယူရန်မကြိုး စားတော့ချေ။ သူသည်တောကန္တာရဘက်သို့ လှည့်ကြည့်ရာ၊-
Common Language Bible
In The King James Version
In Context
Cross References
Numbers 22:13နောက်တစ်နေ့နံနက်တွင်ဗာလမ်ကဗာလက် ၏သံတမန်တို့အား``သင်တို့ပြန်ကြလော့။ သင် တို့နှင့်အတူလိုက်ရန်ထာဝရဘုရားသည် ငါ့ အားအခွင့်ပေးတော်မမူ'' ဟုပြောလေ၏။-
Numbers 23:15ဗာလမ်ကဗာလက်ဘုရင်အား``သင်သည်မီးရှို့ ရာယဇ်နားတွင်ရပ်နေလော့။ ငါသည်သွား၍ ဘုရားသခင်နှင့်တွေ့ဆုံမည်'' ဟုဆို၏။
Numbers 23:23မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
Numbers 31:16ဤအမျိုးသမီးများသည်ဗာလမ်၏အကြံ ပေးချက်အရပေဂုရအရပ်တွင် ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကိုသစ္စာ ဖောက်စေခဲ့ကြောင်းသတိရကြလော့။ ထို အပြစ်ကြောင့်ထာဝရဘုရား၏လူစု တွင်ကပ်ရောဂါကျရောက်ခဲ့၏။-
1 Samuel 26:2ရှောလုသည်ချက်ချင်းပင်မိမိ၏လက်ရွေး စင်စစ်သည်တော်သုံးထောင်နှင့်အတူ ဒါဝိဒ် ကိုရှာရန်ဇိဖတောကန္တာရသို့ချီတက်ပြီး လျှင်၊-
Revelation 2:14သို့ရာတွင်သင်တို့အထဲတွင်ဗာလမ်၏အယူ ဝါဒကိုလိုက်လျှောက်သူများရှိနေသဖြင့် သင့်အားအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ ဣသရေလအမျိုးသားတို့သည်ရုပ်တုပူဇော် ရာအစားအစာများကိုစားကြစေရန်နှင့် ကာမဂုဏ်ကိုလိုက်စားကြစေရန်ဗာလမ်က ဗာလက်မင်းအားသင်ကြားပေး၏။-