တောလည်ရာကျမ်း 24:20
ထိုနောက်ဗာလမ်သည်အာမလက်အမျိုးသား တို့ကို ရူပါရုံ၌မြင်၍အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``အာမလက်နိုင်ငံသည်အင်အား အကြီးဆုံးနိုင်ငံဖြစ်၏။ သို့ရာတွင်နောက်ဆုံး၌ထိုနိုင်ငံသည် ပျက်သုဉ်းရလိမ့်မည်။''
Common Language Bible
In The King James Version
In Context
Cross References
Exodus 17:8အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။-
Exodus 17:16ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။
1 Samuel 14:48သူသည်ရွပ်ရွပ်ချွံချွံတိုက်ပွဲများဝင်ခဲ့ သည်။ အာမလက်အမျိုးသားတို့ကိုပင် တိုက်ခိုက်နှိမ်နင်းခဲ့လေသည်။ သူသည် ဣသရေလအမျိုးသားတို့အား ရန်သူ အပေါင်းတို့၏ဘေးမှကယ်ဆယ်ခဲ့၏။
1 Samuel 27:8ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။-
1 Samuel 30:17ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။-
Esther 3:1ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-