တောလည်ရာကျမ်း 24:4
သူသည်ဘုရားသခင်မိန့်တော်မူသော စကားကိုကြားနိုင်၏။ မျက်စိပွင့်လျက်ဘဝင်ကျနေစဉ် အနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ ရူပါရုံကိုငါမြင်ရ၏။
Common Language Bible
In The King James Version
In Context
5ဣသရေလအမျိုးသားတို့၏တဲများသည် တင့်တယ်လှပေစွ။
Cross References
Genesis 15:12နေဝင်ချိန်၌အာဗြံသည် အိပ်မောကျနေစဉ် ကြောက်ရွံ့ထိတ်လန့်လာလေသည်။-
Numbers 22:20ထိုနေ့ညတွင်ဘုရားသခင်သည်ဗာလမ်ထံ သို့ကြွလာ၍``ဤသူတို့သည်သင့်ကိုသူတို့ နှင့်အတူလိုက်ပါရန် ခေါ်ဖိတ်လျှင်လိုက်သွား လော့။ သို့ရာတွင်သင်သည်ငါညွှန်ကြားသည့် အတိုင်းသာဆောင်ရွက်ရမည်'' ဟုမိန့်တော် မူ၏။-
1 Samuel 19:24သူသည်မိမိ၏အဝတ်များကိုချွတ်၍ ရှမွေလ၏ရှေ့တွင်လည်းကခုန်အော်ဟစ် သည်။ ထို့နောက်ယင်းနေ့တစ်နေ့လုံးနှင့်တစ်ည လုံးအဝတ်အချည်းစည်းနှင့်လဲလျက်နေ သည်။ (ဤနည်းအားဖြင့်ရှောလုပင်လျှင် ပရောဖက်ဖြစ်လေပြီလော'' ဟူသောဆို ရိုးစကားဖြစ်ပေါ်၍လာသတည်း။)
Psalms 89:19လွန်လေပြီးသောအခါ၌ကိုယ်တော်ရှင်သည် သစ္စာရှိသူအစေခံများအား ဗျာဒိတ်ရူပါရုံတွင်``ထင်ရှားကျော်စောသူ စစ်သူရဲအားငါသည်ကူမတော်မူပြီ။ လူတို့အထဲမှရွေးချယ်ထားသူအားရာဇ ပလ္လင်ကို ငါအပ်နှင်းပြီ။
Daniel 8:17ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။-
Daniel 10:15ထိုသူဤသို့ဆိုသောအခါငါသည်စကား မပြောနိုင်ဘဲမြေကြီးကိုစိုက်၍ကြည့်လျက် နေ၏။-