တောလည်ရာကျမ်း 26:62
လေဝိအနွယ်တွင်တစ်လသားအရွယ်နှင့် အထက်ရှိ သောယောကျာ်းဦးရေမှာနှစ်သောင်း သုံးထောင်ယောက်ဖြစ်သည်။ သူတို့သည်ဣသ ရေလနိုင်ငံတွင်နယ်မြေခွဲဝေပေးခြင်းမခံ ရသဖြင့် အခြားသောဣသရေလအမျိုး သားတို့ဦးရေစာရင်း၌မပါဝင်ဘဲသီး ခြားစာရင်းဖြင့်ဖော်ပြထားသည်။
Common Language Bible
In The King James Version
In Context
Cross References
Numbers 1:47လူဦးရေစာရင်းကောက်ယူရာတွင် လေဝိအနွယ်ဝင်တို့ကိုစာရင်းမကောက်ခဲ့ချေ။-
Numbers 3:39ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည်အသက်တစ်လသားအရွယ် နှင့်အထက်ရှိလေဝိအနွယ်ဝင်ယောကျာ်း တို့ကိုသားချင်းစုအလိုက်စာရင်းကောက် ယူရာ လူဦးရေစုစုပေါင်းနှစ်သောင်းနှစ် ထောင်ရရှိလေသည်။
Numbers 18:23ယခုမှစ၍လေဝိအနွယ်ဝင်တို့ကသာလျှင် တဲတော်ကိုထိန်းသိမ်း၍ တဲတော်နှင့်ဆိုင်သော ဝေယျာဝစ္စရှိသမျှကိုတာဝန်ခံဆောင်ရွက် ရမည်။ ဤပညတ်ကိုသင်၏သားမြေးအစဉ် အဆက်စောင့်ထိန်းရမည်။ ငါ့အားဣသရေလ အမျိုးသားတို့ကအထူးအလှူအဖြစ် ဆက် သသောဆယ်ဖို့တစ်ဖို့ကိုလေဝိအနွယ်ဝင် တို့ကိုငါပေးထားပြီဖြစ်သောကြောင့် ဣသ ရေလနိုင်ငံတွင်ပစ္စည်းဥစ္စာမပိုင်ဆိုင်ရ။ သို့ ဖြစ်၍သူတို့သည်ဣသရေလနိုင်ငံတွင် ပစ္စည်းဥစ္စာမပိုင်ရဟုငါအမိန့်ရှိခဲ့ပြီ'' ဟုမိန့်တော်မူ၏။
Numbers 35:2``ဣသရေလအမျိုးသားတို့သည်မိမိတို့ ရရှိသောနယ်မြေထဲမှ အချို့သောမြို့များ နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်အားပေးရမည်။-
Deuteronomy 14:27``သင်တို့၏မြို့ရွာများတွင်နေထိုင်ကြသော လေဝိအမျိုးသားများ၌ ကိုယ်ပိုင်ပစ္စည်းဟူ ၍မရှိသဖြင့်သူတို့အားပြုရမည့်ဝတ် မပျက်စေနှင့်။-