တောလည်ရာကျမ်း 27:11
ထိုသူ၌ညီအစ်ကိုသို့မဟုတ်ဘကြီးဘထွေး များမကျန်ရစ်ခဲ့လျှင် အနီးစပ်ဆုံးဆွေမျိုး အားအမွေကိုဆက်ခံသိမ်းပိုက်စေရမည်။ ငါ ထာဝရဘုရားသည်သင့်အားမိန့်မှာတော် မူသည့်အတိုင်း ဣသရေလအမျိုးသားတို့ သည်ဤစီရင်ထုံးဖွဲ့ချက်ကိုလိုက်နာဆောင် ရွက်ကြရမည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 25:49ဦးကြီးဦးလေးကသော်လည်းကောင်း၊ ညီအစ် ကိုဝမ်းကွဲကသော်လည်းကောင်း၊ နီးစပ်သူဆွေမျိုး တစ်ဦးကသော်လည်းကောင်းသူ့အားပြန်၍ဝယ် ယူနိုင်သည်။ သို့တည်းမဟုတ်သူကိုယ်တိုင်ငွေ ကြေးတတ်နိုင်လျှင်မိမိကိုယ်ကိုဝယ်ယူနိုင် သည်။-
Ruth 4:3သူသည်မိမိ၏သားချင်းအား``ယခုအခါ နောမိသည်မောဘပြည်မှပြန်လာပြီ။ သူ သည်ငါတို့သားချင်းဧလိမလက်ပိုင် သည့်လယ်မြေကိုရောင်းချလိုပါသည်။-
Jeremiah 32:8ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-