တောလည်ရာကျမ်း 27:3
``ကျွန်မတို့၏ဖခင်သည်တောကန္တာရ၌ သေ ဆုံးခဲ့ရာသားယောကျာ်းဟူ၍တစ်ယောက်မျှ မကျန်ရစ်ပါ။ ဖခင်သည်ထာဝရဘုရား အားပုန်ကန်သောကောရ၏လူစုတွင်မပါ ဝင်ခဲ့ပါ။ သူသည်မိမိ၏အပြစ်ကြောင့်သေ ဆုံးခဲ့ရပါသည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 14:35ငါ့ကိုဆန့်ကျင်ဘက်ပြုသောဆိုးသွမ်းသည့် သင်တို့အပေါင်းကို ငါသည်မုချဒဏ်ခတ်မည်။ သင်တို့ရှိသမျှသည်တောကန္တာရတွင်သေ ကြေပျက်စီးလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ'' ဟုမိန့်တော်မူ၏။
Numbers 16:32သူတို့နှင့်တကွသူတို့၏သားမယားများ၊ ကောရ၏နောက်လိုက်များနှင့်သူတို့ပိုင်ဆိုင် သမျှပစ္စည်းများကိုမြေမျိုလေ၏။-
Numbers 26:9သူ၏သားများဖြစ်သောနေမွေလ၊ ဒါသန်၊ အဘိရံတို့ဖြစ်ကြသည်။ (ဒါသန်နှင့်အဘိရံ တို့သည်ဣသရေလအမျိုးသားအပေါင်း တို့ကခေါင်းဆောင်အဖြစ်ရွေးချယ်ခြင်းခံရ၍ မောရှေနှင့်အာရုန်တို့၏အာဏာကိုဖီဆန် လျက် ကောရ၏နောက်လိုက်များနှင့်အတူ ထာဝရဘုရားကိုပုန်ကန်ခဲ့သူများ ဖြစ်ကြ၏။-
Numbers 26:64ဤလူဦးရေစာရင်းတွင်မောရှေနှင့်အာရုန်တို့ သိနာတောကန္တာရ၌ကောက်ယူခဲ့သောပထမ သန်းခေါင်စာရင်းဝင်သူတစ်ဦးတစ်ယောက်မျှ မပါရှိချေ။-
Ezekiel 18:4အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။