တောလည်ရာကျမ်း 28:17
တစ်ဆယ့်ငါးရက်နေ့မှအစပြု၍ခုနစ်ရက် တိုင်တိုင် ဋ္ဌမ္မပွဲတော်ကိုကျင်းပရမည်။ ထိုပွဲ တော်ရက်အတွင်းတဆေးမဲ့မုန့်ကိုသာစား ရမည်။-
Common Language Bible
In The King James Version
And in the fifteenth day of this month is the feast: seven days shall unleavened bread be eaten.
In Context
18ပွဲတော်ပထမနေ့တွင်သင်တို့စုဝေးဝတ်ပြု ရမည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
Cross References
Exodus 13:6ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားပြီး လျှင် သတ္တမနေ့၌ထာဝရဘုရားပွဲတော် ကိုကျင်းပရမည်။-
Exodus 34:18``တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ သင် တို့သည်အဗိဗဟုခေါ်သောလတွင်အီဂျစ် ပြည်မှထွက်လာခဲ့ရသောကြောင့်၊ ထိုလ၌ ငါပညတ်သည့်အတိုင်းခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။
Deuteronomy 16:3သင်တို့သည်အီဂျစ်ပြည်မှအဆောတလျင် ထွက်ခွာလာခဲ့ရစဉ်က တဆေးမပါသော မုန့်ကိုစားသကဲ့သို့ ပသခါပွဲကိုခံရာတွင် တဆေးမပါသောမုန့်ကိုခုနစ်ရက်တိုင်တိုင် စားရမည်။ သင်တို့သည်ဆင်းရဲဒုက္ခခံရာ အီဂျစ်ပြည်မှထွက်ခွာလာရသောနေ့ကို တစ်သက်လုံးသတိရစေရန် ဆင်းရဲဒုက္ခ တည်းဟူသောတဆေးမပါသောမုန့် ကိုစားကြလော့။-