တောလည်ရာကျမ်း 29:6
လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 9:14``သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားသားတစ်ဦးသည်ပသခါပွဲခံလိုလျှင် သူသည်ပွဲတော်နှင့်ဆိုင်သောပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာရမည်။ ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေဤပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။
Numbers 15:11ဤသကာများသည် သိုး၊ နွား၊ ဆိတ်တို့နှင့်ပူဇော် ရမည့်သကာများဖြစ်သည်။-
Numbers 28:3ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
Numbers 29:18ထို့အပြင်ပထမနေ့တွင်ပူဇော်ရသည့် သကာများကိုလည်းပူဇော်ရမည်။
Ezra 3:4သူတို့သည်စည်းမျဉ်းသတ်မှတ်ချက်များရှိ သည့်အတိုင်း တဲနေပွဲကိုကျင်းပကြ၏။ နေ့ စဉ်ပူဇော်အပ်သည့်ယဇ်များကိုလည်းပူဇော် ကြ၏။-