တောလည်ရာကျမ်း 3:38
မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 1:53တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။-
Numbers 3:7သူတို့သည်ငါစံတော်မူရာတဲတော်နှင့်ဆိုင် သောအမှုကိုဆောင်ရွက်ရမည်။ ယဇ်ပုရော ဟိတ်များ၏ဝတ္တရားများနှင့်ဣသရေလ တစ်မျိုးသားလုံးနှင့်ဆိုင်သောဝတ္တရားများ ကိုဆောင်ရွက်ရမည်။-
Numbers 3:23ယင်းသားချင်းစုသည်တဲတော်၏အနောက် ဘက်မျက်နှာတွင်စခန်းချရမည်။-
Numbers 3:35ယင်းသားချင်းစုသည်တဲတော်၏မြောက်ဘက် မျက်နှာတွင်စခန်းချရမည်။ သူတို့၏ခေါင်း ဆောင်မှာအဘိဟဲလ၏သားဇုရေလ ဖြစ်သည်။-
1 Chronicles 6:48ထိုသူတို့၏ဆွေမျိုးသားချင်းများဖြစ်သော အခြားလေဝိအနွယ်ဝင်တို့သည် ကိုးကွယ် ဝတ်ပြုရာဌာနတော်တွင်အခြားတာဝန် ဝတ္တရားများကိုထမ်းဆောင်ရကြ၏။