တောလည်ရာကျမ်း 31:6
ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်အားဣသရေလတပ်ကို အုပ်ချုပ်ကွပ်ကဲစေ၏။ သူနှင့်အတူတဲတော် နှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများနှင့် အချက်ပေးတံပိုးခရာများကိုယူဆောင် သွား၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 10:8ယဇ်ပုရောဟိတ်များဖြစ်ကြသောအာရုန် ၏သားများက တံပိုးခရာကိုမှုတ်ရမည်။ ``အောက်ပါပညတ်ကိုသင်တို့အမျိုး အစဉ်အဆက်လိုက်နာစောင့်ထိန်းရမည်။-
Numbers 14:44ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် လည်းကောင်း၊ မောရှေသည်လည်းကောင်းစခန်းမှ မထွက်ခွာသော်လည်း သူတို့သည်တောင်ကုန်း ဒေသသို့အရဲစွန့်၍ချီတက်ကြလေသည်။-
Joshua 6:4ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည်တံပိုးခရာ တစ်လုံးစီကိုင်၍ ပဋိညာဉ်သေတ္တာတော်ရှေ့က သွားရမည်။ သတ္တမနေ့တွင်ယဇ်ပုရောဟိတ်တို့ သည်တံပိုးခရာမှုတ်၍ရှေ့ဆောင်လျက် သင်နှင့် သင်၏စစ်သည်တို့သည်မြို့ကိုခုနစ်ကြိမ် ပတ်ရကြမည်။-
1 Samuel 4:4ထို့ကြောင့်သူတို့သည်ရှိလောမြို့သို့စေတမန် များကိုလွှတ်၍ ခေရုဗိမ်အထက်စံတော်မူ သောအနန္တတန်ခိုးရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုယူဆောင်လာစေ ၏။ ဧလိ၏သားများဖြစ်ကြသောဟောဖနိ နှင့်ဖိနဟတ်တို့သည် ပဋိညာဉ်သေတ္တာတော် နှင့်အတူလိုက်ပါလာကြ၏။
1 Samuel 14:18ရှောလုသည်ယဇ်ပုရောဟိတ်အဟိယ အား``သင်တိုင်းတော်ကို ဤနေရာသို့ယူခဲ့လော့'' ဟုဆို၏။ (ထို နေ့၌အဟိယသည်သင်တိုင်းတော်ကို ဣသရေလအမျိုးသားတို့၏ရှေ့မှသယ် ဆောင်လျက်ရှိသတည်း။-)