တောလည်ရာကျမ်း 32:17
ထိုနောက်အကျွန်ုပ်တို့သည်အမျိုးသားချင်း တို့အပိုင်ရမည့်ပြည်တွင် အခြေချနေထိုင် ရသည်အထိသူတို့ကိုရှေ့ဆောင်၍စစ်ချီ တိုက်ခိုက်ပါမည်။ ဤအတောအတွင်းအကျွန်ုပ် တို့ကိုမှီခိုသူများသည် ခိုင်ခံ့သောမြို့များ တွင်နေထိုင်ရသဖြင့် ဤအရပ်သားတို့၏ ရန်မှကင်းလွတ်နိုင်ကြပါလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 32:29``ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့သည် ထာဝရဘုရား၏အမိန့်တော်အရယော်ဒန် မြစ်ကိုဖြတ်ကူး၍ စစ်ချီတိုက်ခိုက်လျှင်လည်း ကောင်း၊ သင်တို့သည်သူတို့၏အကူအညီ ဖြင့်ထိုပြည်ကိုတိုက်ခိုက်အောင်မြင်လျှင် လည်းကောင်း ဂိလဒ်ပြည်ကိုသူတို့အား အပိုင်ပေးလော့။-
Joshua 4:12ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေအနွယ်တစ် ဝက်တို့သည်မောရှေမှာကြားခဲ့သည့်အတိုင်း အခြားဣသရေလအမျိုးသားတို့ရှေ့က လက်နက်စွဲကိုင်၍ချီတက်ကြသည်။-