တောလည်ရာကျမ်း 32:8
ငါသည်သင်တို့၏ဘိုးဘေးများအားထို ပြည်ကိုထောက်လှမ်းရန် ကာဒေရှအရပ်မှ စေလွှတ်စဉ်အခါက သူတို့သည်လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ကြ၏။-
Common Language Bible
In The King James Version
Thus did your fathers, when I sent them from Kadesh-barnea to see the land.
In Context
Cross References
Numbers 13:2``ဣသရေလအမျိုးသားတို့အားငါပေးမည့် ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန် အနွယ် တစ်ဆယ့်နှစ်နွယ်မှခေါင်းဆောင်တစ်ဦးကျစီ ကိုရွေးလော့'' ဟုမိန့်တော်မူ၏။-
Numbers 14:2သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
Deuteronomy 1:22``သို့ရာတွင်သင်တို့သည် ငါ့ထံသို့ချဉ်းကပ် ၍`တိုင်းပြည်၏အခြေအနေကိုထောက်လှမ်း လျက် မည်သည့်လမ်းဖြင့်ချီတက်ရမည်၊ မြို့ များ၏အနေအထားမည်သို့ရှိသည်ကို ပြန် လည်သတင်းပို့နိုင်ရန်အထောက်တော်များ ကိုစေလွှတ်ကြပါစို့' ဟူ၍အကြံပေး တင်ပြကြ၏။''
Joshua 14:6တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။-