တောလည်ရာကျမ်း 33:4
ထိုစဉ်အခါကအီဂျစ်အမျိုးသားတို့သည် ထာဝရဘုရားဒဏ်ခတ်ခြင်းခံရသော သားဦးများကိုမြှုပ်နှံလျက်နေကြ၏။ ထို သို့ဒဏ်ခတ်ခြင်းအားဖြင့်ထာဝရဘုရား သည် အီဂျစ်အမျိုးသားတို့၏ဘုရားများ ထက်တန်ခိုးကြီးကြောင်းပြတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 12:12``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
Exodus 18:11ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ် မာနထောင်လွှားခဲ့သော အီဂျစ်အမျိုးသားတို့အပေါ်ပြုမူပုံ ကြောင့် ထာဝရဘုရားသည်ဘုရားအပေါင်း တို့ထက်ပို၍ဘုန်းတန်ခိုးကြီးတော်မူ ကြောင်းယခုငါသိပြီ'' ဟုဆို၏။-
Psalms 105:36ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
Zephaniah 2:11ထာဝရဘုရားသည်သူတို့အားထိတ်လန့် တုန်လှုပ်စေတော်မူလိမ့်မည်။ ကိုယ်တော်သည် လောကီဘုရားများကိုဆိတ်သုဉ်းစေတော် မူမည်ဖြစ်၍လူမျိုးတကာတို့သည် မိမိ တို့ပြည်အသီးသီးတွင်ကိုယ်တော်ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။