တောလည်ရာကျမ်း 33:52
ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:31ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။-
Exodus 34:13သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
Deuteronomy 7:2သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကိုသင်တို့လက်သို့အပ်သဖြင့် သူတို့ကိုသင်တို့တိုက်ခိုက်အောင်မြင်သောအခါ ထိုသူအပေါင်းတို့ကိုသတ်ဖြတ်သုတ်သင်ပစ်ရ မည်။ သူတို့နှင့်မိတ်မဖွဲ့ရ။ သူတို့အားမကြင် နာမသနားရ။-
Deuteronomy 12:2သင်တို့သိမ်းယူမည့်ပြည်တွင်တောင်ထိပ်ပေါ်၊ တောင်ကုန်းပေါ်၊ သစ်စိမ်းပင်အောက်ရှိထိုပြည် သားတို့ကိုးကွယ်ရာဌာနရှိသမျှကိုဖျက် ဆီးပစ်ရမည်။-
Deuteronomy 20:16``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူမည့်ပြည်ရှိမြို့များကို တိုက်ခိုက် သိမ်းယူသောအခါ၌မူကား မြို့တွင်းရှိလူ ရှိသမျှကိုသတ်ဖြတ်သုတ်သင်ရမည်။-
Joshua 9:7ထိုအခါဣသရေလအမျိုးသားတို့က``သင် တို့သည်ငါတို့အနီးအပါးတွင်နေထိုင်သူ များဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဆိုလျှင်သင် တို့နှင့်အဘယ်ကြောင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်နည်း'' ဟုဆိုကြ၏။