bible.software › တောလည်ရာကျမ်း › တောလည်ရာကျမ်း 4 › တောလည်ရာကျမ်း 4:33
တောလည်ရာကျမ်း 4:33
ဤသည်တို့သည်ကားတဲတော်တွင်မေရာရိ သားချင်းစုတို့ဆောင်ရွက်ရမည့်တာဝန်များ ဖြစ်သည်။ သူတို့သည်ယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရမည်။
Common Language Bible
In The King James Version
This is the service of the families of the sons of Merari, according to all their service, in the tabernacle of the congregation, under the hand of Ithamar the son of Aaron the priest.
In Context
32တဲတော်ဝင်းပတ်လည်ရှိတိုင်များ၊ အောက်ခံခုံ များ၊ ကြက်ဆူးများနှင့်ကြိုးများကိုလည်း ကောင်း၊ ထိုပစ္စည်းများကိုတပ်ဆင်ရာ၌အသုံး ပြုသောတန်ဆာပလာအားလုံးတို့ကို လည်းကောင်းသယ်ဆောင်ရမည်။ လူတိုင်း မိမိအတွက်သတ်မှတ်ပေးသောပစ္စည်း ကိုသယ်ဆောင်ရမည်။-
34ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား ခေါင်းဆောင်တို့သည်လေဝိသားချင်းစုသုံး စုဖြစ်သောကောဟတ်သားချင်းစု၊ ဂေရရှုန် သားချင်းစုနှင့်မေရာရိသားချင်းစုတို့ တွင်အသက်သုံးဆယ်နှင့်ငါးဆယ်အတွင်း ရှိ ထာဝရဘုရားစံတော်မူရာတဲတော် တွင်အမှုထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ ကိုဘိုးဘေးဆွေမျိုးများဘက်မှ မိသားစု အလိုက်ကောက်ယူရရှိသောလူဦးရေ စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ သားချင်းစု လူဦးရေ ကောဟတ် ၂၇၅၀ ဂေရရှုန် ၂၆၃၀ မေရာရိ ၃၂၀၀ စုစုပေါင်း ၈၅၈၀
Read all of တောလည်ရာကျမ်း 4
Cross References
Exodus 38:21ပညတ်တော်ဆယ်ပါးရေးထိုးထားသော ကျောက်ပြားထားရှိရာတဲတော်အတွက် အသုံးပြုသောသတ္တုစာရင်းကိုဖော်ပြ ပေအံ့။ ထိုစာရင်းမှာယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာဦးစီးသော လေဝိအမျိုး သားတို့ကမောရှေ၏အမိန့်အရပြုစု သောစာရင်းဖြစ်၏။
Numbers 7:8လှည်းလေးစီးနှင့်နွားရှစ်ကောင်ကို မေရာရိ သားချင်းစုတို့အားလည်းကောင်းပေးအပ် လေသည်။ သူတို့သည်အလုပ်ရှိသမျှကို အာရုန်၏သား ဣသမာညွှန်ကြားသည့် အတိုင်းဆောင်ရွက်ရကြသည်။-
Isaiah 3:6သားချင်းစုဝင်တို့သည်မိမိတို့အထဲမှ လူတစ်စုံတစ်ယောက်ကိုရွေးချယ်ကာ``ယုတ်စွ အဆုံးသင့်မှာအဝတ်အစားရှိပါသေးသည်။ သို့ဖြစ်၍ယခုလိုဒုက္ခရောက်ချိန်၌ငါတို့ ၏ဦးစီးခေါင်းဆောင်ပြုလုပ်ပေးပါ'' ဟုဆို ကြသည့်အချိန်ကျရောက်လာလိမ့်မည်။
This Verse In Other Editions
Study တောလည်ရာကျမ်း 4:33