တောလည်ရာကျမ်း 4:49
ထာဝရဘုရားသည်မောရှေအားမိန့်တော်မူ သည့်အတိုင်း လေဝိအမျိုးသားတစ်ယောက်စီ တို့ကိုစာရင်းကောက်ယူ၍ သူတို့အသီးသီး ဆောင်ရွက်ရမည့်ဝတ္တရားနှင့်သယ်ဆောင်ရ မည့်တာဝန်ကိုခွဲခန့်ပေးလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Numbers 1:47လူဦးရေစာရင်းကောက်ယူရာတွင် လေဝိအနွယ်ဝင်တို့ကိုစာရင်းမကောက်ခဲ့ချေ။-
Numbers 2:33ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
Numbers 4:15စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
Numbers 4:24သူတို့တာဝန်မှာ၊- တဲတော်၊ တဲတော်အောက်ခံ အမိုး၊ အပြင်အမိုး၊ နူးညံ့သောအပေါ်ဆုံး ထပ်သားရေမိုး၊-
Numbers 4:32တဲတော်ဝင်းပတ်လည်ရှိတိုင်များ၊ အောက်ခံခုံ များ၊ ကြက်ဆူးများနှင့်ကြိုးများကိုလည်း ကောင်း၊ ထိုပစ္စည်းများကိုတပ်ဆင်ရာ၌အသုံး ပြုသောတန်ဆာပလာအားလုံးတို့ကို လည်းကောင်းသယ်ဆောင်ရမည်။ လူတိုင်း မိမိအတွက်သတ်မှတ်ပေးသောပစ္စည်း ကိုသယ်ဆောင်ရမည်။-