တောလည်ရာကျမ်း 6:25
ထာဝရဘုရားသည်သင်တို့အားကရုဏာ ထား၍၊ ကျေးဇူးပြုတော်မူပါစေသော။
Common Language Bible
In The King James Version
The LORD make his face shine upon thee, and be gracious unto thee:
In Context
24ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေး၍၊ စောင့်ထိန်းတော်မူပါစေသော။
Cross References
Genesis 43:29ယောသပ်သည်မိမိအမိ၏သားမိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ``ဤသူငယ်သည် သင်တို့၏ညီအငယ်ဆုံးဆိုသူဖြစ်ပါသ လော။ လူကလေးသင့်အားဘုရားကောင်းချီး ပေးပါစေသော'' ဟုဆိုလေ၏။-
Psalms 4:7သို့ရာတွင်ကျွန်တော်မျိုးအားကိုယ်တော် ပေးတော်မူသောဝမ်းမြောက်ခြင်းသည် ဂျုံစပါးနှင့်စပျစ်ရည်ပေါများသူတို့ရရှိသည့် ဝမ်းမြောက်ခြင်းထက်သာလွန်ပါ၏။
Psalms 31:16သနားသောစိတ်နှင့်ကိုယ်တော်၏အစေခံ ကျွန်တော်မျိုးအားကြည့်တော်မူပါ။ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် အညီ ကျွန်တော်မျိုးအားကယ်တော်မူပါ။
Psalms 80:1ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
Psalms 80:19အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်းခံရကြပါမည်။
Psalms 119:135မက်နှာတော်၏အလင်းကွန်တော်မျိုးအပေ" ထွန်းလင်းစေ၍ ကွန်တော်မျိုးအားပညတ်တော်တို့ကို သွန်သင်တော်မူပါ။