တောလည်ရာကျမ်း 6:5
သူသည်နာဇရိဂိုဏ်းဝင်အဖြစ်အဋ္ဌိဋ္ဌာန် ပြုထားသည့်ကာလအတွင်း မိမိ၏ဆံပင် ကိုမဖြတ်ရ၊ မရိတ်ရ။ သူသည်ထာဝရ ဘုရားအားဆက်ကပ်ထားသည့်အဋ္ဌိဋ္ဌာန် ကာလအတွင်း မိမိ၏ဆံပင်နှင့်မုတ်ဆိတ် မွေးကိုမဖြတ်မရိတ်ရ။-
Common Language Bible
In The King James Version
In Context
Cross References
Judges 13:5သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။
Judges 16:19ဒေလိလသည်ရှံဆုန်အားမိမိ၏ပေါင်ပေါ် တွင်ချော့၍သိပ်ပြီးမှ လူတစ်ယောက်ကိုခေါ် ၍ရှံဆုန်၏ဆံပင်ခုနစ်စုကိုရိတ်ဖြတ်စေ၏။ ရှံဆုန်၌ခွန်အားပျောက်ကွယ်သွားပြီဖြစ်၍ ဒေလိလသည်သူ့အားစတင်ညှင်းပန်းလေ တော့သည်။-
Lamentations 4:7ငါတို့၏မင်းညီမင်းသားများသည်ညစ်ညမ်း မှုမရှိ။ မိုးပွင့်ကဲ့သို့ဖြူစင်သန့်ရှင်းကြ၏။ သူတို့သည်အသားအရည်စိုပြေ ကျန်းမာလျက် ခွန်အားတောင့်တင်းသန်မာကြကုန်သည်။