တောလည်ရာကျမ်း 7:1
မောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 2:3ထိုသို့သတ္တမနေ့၌ဖန်ဆင်းခြင်းအမှုပြီး သဖြင့်ရပ်နားသောကြောင့် ဘုရားသခင်သည် ထိုနေ့ရက်ကိုကောင်းချီးပေး၍ အထူးနေ့ အဖြစ်သတ်မှတ်တော်မူ၏။-
Exodus 29:36အပြစ်ပြေစေရန်နွားထီးတစ်ကောင်ကိုနေ့ တိုင်းယဇ်ပူဇော်ရမည်။ ဤသို့အားဖြင့်ယဇ် ပလ္လင်ကိုသန့်ရှင်းစေမည်။ ထိုနောက်ယဇ်ပလ္လင် ကိုသံလွင်ဆီလောင်း၍ဆက်ကပ်ရမည်။-
Exodus 30:29ထိုအရာများကိုဤသို့ဆက်ကပ်ခြင်းဖြင့်၊ အလွန်သန့်ရှင်းစေလော့။ ထိုအရာများကို ထိမိသောအရာဟူသမျှတို့သည် သန့် ရှင်းလိမ့်မည်။-
Exodus 40:11ထိုနည်းအတိုင်းအင်တုံနှင့်အောက်ခံခုံများ ကိုဆက်ကပ်လော့။
Leviticus 8:10ထိုနောက်မောရှေသည်သိက္ခာတင်ဆီကိုယူ ၍ ထာဝရဘုရားစံတော်မူရာတဲတော် နှင့်တဲတော်အတွင်းရှိပစ္စည်းတန်ဆာအား လုံးကိုလိမ်းလေ၏။ ဤနည်းအားဖြင့်ထာဝရ ဘုရားအားတဲတော်နှင့်တဲတော်ဆိုင်ရာ ပစ္စည်းရှိသမျှကိုဆက်ကပ်လေသည်။-
Numbers 7:84ယဇ်ပလ္လင်ကိုအနုမောဒနာပြုရာ၌ ဣသ ရေလအမျိုးခေါင်းဆောင်တစ်ဆယ့်နှစ်ဦး တို့ယူဆောင်ခဲ့ကြသောလှူဖွယ်ပစ္စည်းစုစု ပေါင်းမှာ၊ -အလေးချိန်စုစုပေါင်းပေါင်ခြောက်ဆယ်ရှိသော ငွေဖလားတစ်ဆယ့်နှစ်လုံးနှင့်ငွေအင်တုံတစ် ဆယ့်နှစ်လုံး၊ -နံ့သာပေါင်းအပြည့်ရှိသောအလေးချိန် စုစုပေါင်းလေးဆယ့်ရှစ်အောင်စရှိရွှေလင် ပန်းတစ်ဆယ့်နှစ်ချပ်၊ -မီးရှို့ရာယဇ်အတွက်နွားထီးတစ်ဆယ့်နှစ် ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သား သိုးကလေးတစ်ဆယ့်နှစ်ကောင်နှင့် ယင်းတို့ နှင့်သက်ဆိုင်သောဘောဇဉ်သကာများ၊ -အပြစ်ဖြေရာယဇ်အတွက်ဆိတ်တစ်ဆယ့် နှစ်ကောင်။ -မိတ်သဟာယယဇ်အတွက်နွားထီးနှစ်ဆယ့် လေးကောင်၊သိုးထီးအကောင်ခြောက်ဆယ်၊ဆိတ် အကောင်ခြောက်ဆယ်၊တစ်နှစ်သားသိုးကလေး အကောင်ခြောက်ဆယ်စသည်တို့ဖြစ်ကြသည်။