တောလည်ရာကျမ်း 9:6
သို့ရာတွင်အချို့သောသူတို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့် ဘာသာရေးထုံးနည်းအရမသန့်စင်သောကြောင့် ထိုနေ့တွင်ပသခါပွဲတော်ကိုမဝင်နိုင်ကြချေ။ သူတို့သည်မောရှေနှင့်အာရုန်တို့ထံသွား၍၊-
Common Language Bible
In The King James Version
In Context
Cross References
Exodus 18:19ငါသည်သင့်အားအကြံကောင်းပေးပါမည်။ ဘုရားသခင်သည်သင်နှင့်အတူရှိပါစေ သော။ သင်၏တာဝန်မှာလူတို့၏အငြင်းပွား မှုများကို သူတို့၏ကိုယ်စားဘုရားသခင် ထံတော်သို့တင်လျှောက်ပေးခြင်းမှာကောင်း ပေသည်။-
Leviticus 21:11သူသည်ငါ့အတွက်သီးသန့်ဆက်ကပ်ထား သူဖြစ်၍ ဘာသာရေးထုံးနည်းအရမိမိ ကိုယ်ကိုမညစ်ညမ်းစေရ။ ငါ၏တဲတော်မှ ထွက်၍မည်သည့်အသုဘအိမ်သို့မျှမ သွားရ။ မိရင်းဘရင်းသေဆုံးသည့်အိမ်သို့ ပင်မသွားရ။ ဤသို့လျှင်ငါ၏တဲတော်မှ ထွက်၍အသုဘအိမ်သို့သွားခြင်းအား ဖြင့်ငါ၏တဲတော်ကိုမညစ်ညမ်းစေရ။-
Numbers 5:2``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။-
Numbers 15:33ထိုသူအားမောရှေ၊ အာရုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့ထံသို့ခေါ် ဆောင်ခဲ့ကြသည်။-
Numbers 19:14တဲထဲတွင်လူတစ်ယောက်ယောက်သေဆုံးခဲ့ လျှင် ထိုအချိန်တွင်တဲတွင်း၌ရှိသောသူ နှင့်တဲထဲသို့ဝင်လာသောသူသည် ဘာသာ ရေးထုံးနည်းအရခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
Numbers 19:18အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။-