Obadiah 1:11
ရန်သူများသည်၊ထိုသူတို့၏မြို့တံခါး များကိုဖြိုချချိန်၌၊ သင်သည်နံဘေးသို့ဖယ်၍ရပ်နေခဲ့၏။ သင်သည်၊ယေရုရှလင်မြို့၏စည်းစိမ်ဥစ္စာ များကို သိမ်းယူကာ၊မိမိတို့အချင်းချင်းတို့အား ခွဲဝေပေးသူလူမျိုးခြားများနှင့်မခြား၊ ဆိုးယုတ်သူဖြစ်ပေသည်။
Common Language Bible
In The King James Version
In Context
Cross References
2 Kings 25:11ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-
Psalms 137:7အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။ ``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင် ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
Joel 3:3သူတို့သည်သုံ့ပန်းများကိုအဘယ်သူသို့ ပေးအပ် ရမည်ကိုမဲချ၍ဆုံးဖြတ်ခဲ့ကြ၏။ ပြည့်တန်ဆာမများအတွက်အခကြေးငွေနှင့် စပျစ်ရည်ဖိုးရရှိရန် သူတို့သည်သူငယ်သူငယ်မများကို ရောင်းစားခဲ့ကြသည်။
Zephaniah 2:10ဤသို့လျှင်မောဘပြည်သားများနှင့်အမ္မုန် ပြည်သားများသည်မိမိတို့၏မာနကြီး မှု၊ မောက်မာထောင်လွှားမှုနှင့်အနန္တတန်ခိုး ရှင်ထာဝရဘုရား၏လူတို့ကိုစော်ကား မှုတို့ကြောင့်အပြစ်ဒဏ်ခံရကြလိမ့်မည်။-