Obadiah 1:18
ယာကုပ်၏မျိုးဆက်များနှင့်ယောသပ်၏ မျိုးဆက်များသည်မီးနှင့်တူလိမ့်မည်။ မီးသည်အမှိုက်သရိုက်ကိုကျွမ်းလောင်စေ သကဲ့သို့၊ သူတို့သည်ဧသော၏မျိုးဆက်များကို သုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ဧသော၏သားမြေးတစ်စုံတစ်ယောက်မျှ အသက် မသေဘဲကျန်ရှိလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 19:20အရှင်၊ အကျွန်ုပ်သည်ပြစ်မှားမိပါပြီ။ သို့ ဖြစ်၍မြောက်ဘက်အနွယ်ဝင်များထဲမှ အကျွန်ုပ်သည်ဦးစွာပထမအရှင်မင်း ကြီးအား ယနေ့လာရောက်ကြိုဆိုခြင်း ဖြစ်ပါ၏'' ဟုလျှောက်၏။
Isaiah 5:24ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
Isaiah 31:9သူတို့၏ဘုရင်သည်လည်းကြောက်ရွံ့၍ထွက် ပြေးကြလိမ့်မည်။ တပ်မှူးများသည်မိမိတို့ တိုက်ပွဲအလံများကိုစွန့်ပစ်လိုက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်၏။ ကိုယ်တော် သည်ယေရုရှလင်မြို့တွင်လူတို့ကိုးကွယ် ဝတ်ပြုကြသည့်ထာဝရဘုရားဖြစ်တော် မူ၍ ကိုယ်တော်၏မီးလျှံသည်လည်းယဇ် ကောင်များကိုမီးရှို့ရန်အတွက်တောက် လောင်လျက်ရှိသတည်း။
Ezekiel 37:16ကိုယ်တော်က``အချင်းလူသား၊ တုတ်တစ်ချောင်း ကိုယူ၍`ယုဒနိုင်ငံနှင့်သူ၏မိတ်ဆွေဣသ ရေလနိုင်ငံအတွက်' ဟုရေးမှတ်လော့။ ထို နောက်အခြားတုတ်တစ်ချောင်းကိုယူ၍ `ဣသရေလနိုင်ငံနှင့်သူ၏မိတ်ဆွေ ယောသပ်နှင့်သက်ဆိုင်သည့်ဧဖရိမ်၏ တုတ်' ဟုရေးမှတ်လော့။-
Joel 2:5သူတို့သည်တောင်ရိုးများပေါ်တွင်ခုန်လွှားကာ စစ်မြင်းရထားမြည်သံကဲ့သို့လည်းကောင်း၊ မြက်ခြောက်မီးလောင်သကဲ့သို့လည်းကောင်း အော်မြည်ကြ၏။ သူတို့သည်တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ရှိသည့် တပ်မတော်ကြီးကဲ့သို့စီတန်းလျက်နေကြ၏။
Amos 6:6စပျစ်ရည်ကိုဖလားလိုက်သောက်၍အကောင်း ဆုံးဆီမွှေးကိုလိမ်းကာဖြင့်နေကြ၏။ ဣသ ရေလနိုင်ငံယိုယွင်းနေခြင်းကိုမူမကြေ ကွဲဘဲနေရက်ကြပြီတကား။-