The Bible Software
bible.software › ဖိလေမုန်ဩဝါဒစာ › ဖိလေမုန်ဩဝါဒစာ 1 › ဖိလေမုန်ဩဝါဒစာ 1:14

ဖိလေမုန်ဩဝါဒစာ 1:14

သို့​ရာ​တွင်​သင်​၏​သ​ဘော​တူ​ညီ​ချက်​မ​ရ​ရှိ ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​ငါ​မ​ပြု​လို​ပါ။ ငါ့​ကို ကူ​ညီ​မ​စ​စေ​ရန်​သင့်​အား​အ​နိုင်​အ​ထက် မ​ပြု​လို​ပါ။ သင်​၏​စေ​တ​နာ​အ​လျောက်​သာ လျှင်​မ​စ​စေ​လို​ပါ​၏။

Common Language Bible

In The King James Version

But without thy mind would I do nothing; that thy benefit should not be as it were of necessity, but willingly.

In Context

13ငါ​သည်​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ မှု​ကြောင့် အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​တွင် သင်​၏​ကိုယ်​စား​ငါ့​အား​ကူ​ညီ​စေ​ရန်​သူ့​ကို ခေါ်​ထား​လို​ပါ​သည်။-

15သြ​နေ​သိမ်​သည်​သင်​နှင့်​အ​စဉ်​ပြန်​လည်​နေ​ထိုင် နိုင်​ရန် သင်​နှင့်​ခေတ္တ​မျှ​ခွဲ​ခွာ​ရ​ခြင်း​ဖြစ်​တန်​ရာ​၏။-

Read all of ဖိလေမုန်ဩဝါဒစာ 1

Cross References

1 Chronicles 29:17ကိုယ်​တော်​ရှင်​သည်​လူ​တိုင်း​၏​စိတ်​နှ​လုံး ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၍ သ​မာ​ဋ္ဌိ ရှိ​သူ​တို့​အား​နှစ်​သက်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​သိ​ပါ​၏။ ကျွန်​တော်​မျိုး သည်​ရိုး​ဖြောင့်​မှန်​ကန်​သော​စေ​တ​နာ စိတ်​ဖြင့် ဤ​ဘဏ္ဍာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​၏။ ဤ​အ​ရပ်​တွင်​စု​ရုံး​လျက် ရှိ​သော​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​သည် လည်း ကိုယ်​တော်​ရှင်​အား​ပေး​လှူ​ပူ​ဇော် ရ​သ​ဖြင့်​အ​ဘယ်​မျှ​ဝမ်း​မြောက်​ကြ သည်​ကို​ကျွန်​တော်​မျိုး​တွေ့​ရှိ​ရ​ပါ​ပြီ။-

1 Corinthians 9:7အ​ဘယ်​ဥ​ယျာဉ်​မှူး​သည်​မိ​မိ​စိုက်​ပျိုး​သည့် စ​ပျစ်​ဥ​ယျာဉ်​မှ စ​ပျစ်​သီး​ကို​မ​စား​ဘဲ​နေ သ​နည်း။ အ​ဘယ်​သိုး​ထိန်း​သည်​မိ​မိ​ထိန်း ကျောင်း​ရ​သည့်​သိုး​များ​မှ​နို့​ကို​မ​သုံး ဆောင်​ဘဲ​နေ​သ​နည်း။

2 Corinthians 1:24သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို​ယုံ​ကြည်​ရ မည်​ကို​သင်​တို့​အား​အ​မိန့်​ပေး​ရန်​ငါ​တို့ ကြိုး​စား​နေ​ခြင်း​မ​ဟုတ်။ သင်​တို့​၏​ယုံ​ကြည် ခြင်း​သည်​ခိုင်​မာ​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ ကြ​၏။ ငါ​တို့​သည်​သင်​တို့​၏​ရွှင်​လန်း​ဝမ်း မြောက်​မှု​အ​တွက်​သင်​တို့​နှင့်​အ​တူ​လုပ် ဆောင်​နေ​ခြင်း​သာ​ဖြစ်​၏။

2 Corinthians 9:5သို့​ဖြစ်​၍​သင်​တို့​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း​ဤ အ​လှူ​ကို​ပြင်​ဆင်​နိုင်​ရေး​အ​တွက် ဤ​ညီ​အစ်​ကို တို့​အား​သင်​တို့​ထံ​သို့​ကြို​တင်​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု​ငါ​ထင်​မှတ်​၏။ ငါ​ရောက်​ရှိ လာ​သော​အ​ခါ​အ​လှူ​အ​သင့်​ပြင်​ဆင်​ထား ပြီး​ဖြစ်​၍ သင်​တို့​က​ဝတ္တရား​အ​ရ​ပေး​လှူ သည်​မ​ဟုတ်​ဘဲ​စေ​တ​နာ​အ​ရ​ပေး​လှူ ကြောင်း​ပေါ်​လွင်​လိမ့်​မည်။

Philemon 1:8ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​၌​ညီ အစ်​ကို​ချင်း​အ​နေ​ဖြင့် သင်​ပြု​သင့်​သည့်​အ​မှု အ​ရာ​ကို​ပြု​ရန်​အ​မိန့်​ပေး​နိုင်​ခွင့်​ရှိ​သည်​ဟု ယုံ​ကြည်​သော်​လည်း ငါ​သည်​သင့်​ကို​ချစ်​သော ကြောင့်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။ ခ​ရစ်​တော် ယေ​ရှု​၏​သံ​တ​မန်​ဖြစ်​သူ၊ ယ​ခု​အ​ခါ​ခ​ရစ် တော်​ယေ​ရှု​အ​တွက်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ ပေါ​လု​သည်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဖိလေမုန်ဩဝါဒစာ 1:14

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← ဖိလေမုန်ဩဝါဒစာ 1:13ဖိလေမုန်ဩဝါဒစာ 1ဖိလေမုန်ဩဝါဒစာ 1:15 →