ဖိလေမုန်ဩဝါဒစာ 1:21
သင်သည်ငါမေတ္တာရပ်ခံသည့်အတိုင်းပြုလုပ် လိမ့်မည်ဟုစိတ်ချယုံကြည်လျက် ဤစာကိုရေး လိုက်၏။ အမှန်စင်စစ်ထိုထက်ပင်ပို၍ပြုလုပ် လိမ့်မည်ကိုငါသိပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
2 Corinthians 2:3အကယ်၍ငါလာလျှင်ငါ့အားစိတ်ရွှင်လန်း စေမည့်သူများက ငါ့အားဝမ်းနည်းစေမည် စိုး၍ယခင်စာကိုငါရေးသားပေးပို့လိုက် ခြင်းဖြစ်၏။ ငါဝမ်းမြောက်လျှင်သင်တို့ အပေါင်းသည်လည်းဝမ်းမြောက်ကြမည် ကိုငါအမှန်ယုံကြည်၏။-
2 Corinthians 8:22သို့ဖြစ်၍ငါတို့သည်ထိုသူနှစ်ယောက်တို့နှင့် အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်လိုက်ကြသည်။ ထိုသူအားငါတို့အကြိမ် ကြိမ်အကဲခတ်ကြည့်ရာ သူသည်အစဉ်ကူညီ မစတတ်သူဖြစ်ကြောင်းတွေ့ရှိရပေသည်။ သူ သည်သင်တို့အပေါ်တွင်များစွာအယုံအကြည် ရှိသဖြင့် သူ၏စိတ်စေတနာသည်ပို၍ပင် ထက်သန်နေပေသည်။-
2 Thessalonians 3:4သခင်ဘုရားသည်ငါတို့အားသင်တို့အပေါ် တွင်ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့သည် ငါတို့မှာကြားခဲ့သည့်အတိုင်းယခုအခါ ၌ပြုကျင့်လျက်ရှိကြသည်နည်းတူ နောင် အခါ၌လည်းဆက်လက်ပြုကျင့်ကြမည် ကိုငါတို့စိတ်ချယုံကြည်၏။