ဖိလေမုန်ဩဝါဒစာ 1:7
ငါ့ညီ၊ သင်၏မေတ္တာသည်ငါ့အားအလွန်ဝမ်း မြောက်စေ၍များစွာအားတက်စေ၏။ သင်သည် ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ အားစိတ်ရွှင်လန်းစေလေပြီ။
Common Language Bible
In The King James Version
In Context
Cross References
2 Corinthians 7:13ဤအကြောင်းကြောင့်ငါတို့အားတက်ကြ၏။ ငါတို့သည်အားတက်ရုံသာမက၊ အလွန်လည်း ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်တိတုအားရွှင်လန်းစေသဖြင့်သူသည် အလွန်ဝမ်းမြောက်လျက်ရှိသည်ကိုငါတို့တွေ့ရ သောကြောင့်ဖြစ်ပေသည်။-
1 Thessalonians 2:13ဘုရားသခင်၏ကျေးဇူးတော်ကို အခါမလပ် ငါတို့ချီးမွမ်းကြသည့်အခြားအကြောင်း တစ်ရပ်မှာ ငါတို့သည်သင်တို့အားဟောပြော သောဘုရားသခင်၏တရားတော်ကိုလူ့ တရားမဟုတ်ဘဲ ဘုရားသခင်၏တရား တော်အမှန်ဖြစ်သည်နှင့်အညီသင်တို့ ကြားနာခံယူကြ၏။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည် ယုံကြည်သူသင် တို့၏စိတ်နှလုံးကိုပြုပြင်လျက်ရှိတော် မူသောကြောင့်တည်း။-
1 Thessalonians 3:9သင်တို့အတွက်ကြောင့်လည်းကောင်း၊ သင်တို့ ကိုအကြောင်းပြု၍ရှေ့တော်တွင်ဝမ်းမြောက် ရွှင်လန်းခွင့်ကိုရရှိသည့်အတွက်ကြောင့် လည်းကောင်း ဘုရားသခင်၏ကျေးဇူးတော် ကိုငါတို့ချီးမွမ်းကြ၏။-
Philemon 1:20သို့ဖြစ်၍ငါ့ညီ၊ သခင်ဘုရား၏မျက်နှာတော် ကိုထောက်၍ငါ့အားကျေးဇူးပြုပါလော့။ ခရစ် တော်၌ညီအစ်ကိုအနေဖြင့်ငါ့အားစိတ်ရွှင် လန်းစေပါလော့။
3 John 1:3သင်သည်သမ္မာတရားကိုအမြဲလိုက်နာခဲ့ သည့်အတိုင်း ယခုလည်းသစ္စာနှင့်လိုက်နာကျင့် သုံးလျက်ရှိကြောင်းကို ညီအစ်ကိုအချို့တို့ လာရောက်ပြောပြ၍ကြားရသဖြင့်ငါ သည်အလွန်ဝမ်းမြောက်၏။-