ဖိလိပ္ပိဩဝါဒစာ 1:18
ဟောပြောသည့်နည်းမှာအရေးမကြီးပါ။ မှား ယွင်းသောရည်ရွယ်ချက်ဖြင့်ဟောပြောသည်ဖြစ်စေ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့်ဟောပြောသည် ဖြစ်စေခရစ်တော်အကြောင်းကိုဟောပြော ခြင်းသာဖြစ်သဖြင့်ငါဝမ်းမြောက်၏။ ဆက်လက် ၍ဝမ်းမြောက်လျက်နေမည်။-
Common Language Bible
In The King James Version
In Context
Cross References
Mark 9:38ယောဟန်က ``အရှင်ဘုရား၊ အရှင်၏နာမတော် ကိုအမှီပြု၍နတ်မိစ္ဆာတို့ကိုနှင်ထုတ်နေသူလူ တစ်ယောက်ကို အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့နှင့်အတူမလိုက်။ သို့မလိုက် သဖြင့်အကျွန်ုပ်တို့သည် သူ့အားအရှင်၏နာမ တော်ကိုအသုံးမပြုရန်တားမြစ်ခဲ့ပါ၏'' ဟု ကိုယ်တော်အားလျှောက်ထား၏။-
Luke 9:45သို့ရာတွင်တပည့်တော်တို့သည်ထိုစကားကို နားမလည်ကြ။ ယင်းသို့နားမလည်ကြစေရန် အနက်အဋ္ဌိပ္ပါယ်ကွယ်ဝှက်လျက်ရှိသတည်း။ သူ တို့သည်လည်းကိုယ်တော်အားမမေးမလျှောက် ဝံ့ကြ။
Romans 3:9သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
1 Corinthians 10:19သို့ဖြစ်၍ရုပ်တုသို့မဟုတ်ရုပ်တုအားပူဇော် သောအစားအစာအရေးကြီးသည်ဟုငါ ဆိုလိုသလော။-
1 Corinthians 15:11သို့ဖြစ်၍ငါဖြစ်စေ၊ ထိုသူတို့ဖြစ်စေဤ အတိုင်းဟောပြောကြေညာကြသည်။ သင်တို့ သည်လည်းဤအတိုင်းပင်ယုံကြည်ကြ၏။
2 John 1:9ခရစ်တော်၏တရားတော်ဘောင်အတွင်း၌ မနေဘဲ ထိုဘောင်ကိုကူးကျော်သူ၌ဘုရား သခင်မရှိ။ ထိုတရားတော်ဘောင်အတွင်း၌ နေသောသူဟူမူကားခမည်းတော်နှင့်သား တော်ပါရှိ၏။-