ဖိလိပ္ပိဩဝါဒစာ 1:20
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 25:2ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ စစ်အရေးနိမ့်၍အရှက်ရခြင်းမှကျွန်တော် မျိုးအား ကယ်တော်မူပါ။ ကျွန်တော်မျိုးအရေးနိမ့်သဖြင့်ရန်သူတို့အား နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါနှင့်။
Psalms 119:80ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို တစ်သဝေမတိမ်းလိုက်လှောက်သဖြင့် အရေးရှုံးနိမ့်၍အရှက်ကွဲမှုနှင့် ကင်းလွတ်ပါစေသော။
Proverbs 10:28ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
Isaiah 45:17သို့ရာတွင်ဣသရေလအမျိုးသားတို့မူကား ထာဝရဘုရား၏ကယ်တင်တော်မူခြင်းကို ခံကြလျက်သူတို့၏အောင်ပွဲသည် ထာဝစဉ်တည်လိမ့်မည်။ သူတို့သည်လည်းအဘယ်အခါ၌မျှ အသရေပျက်ကြရလိမ့်မည်မဟုတ်။' ''
Isaiah 54:4မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။
John 21:19(ဤသို့မိန့်တော်မူရာ၌ပေတရုသည်အဘယ် သို့သောသေခြင်းမျိုးဖြင့်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုထွန်းတောက်စေမည့် အကြောင်းဖော်ပြတော်မူခြင်းဖြစ်၏။) ဤ သို့မြွက်ဆိုတော်မူပြီးနောက်ပေတရုအား ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။