ဖိလိပ္ပိဩဝါဒစာ 1:26
သို့ဖြစ်၍ငါသည်သင်တို့နှင့်တစ်ဖန်နေခွင့် ရသောအခါ၌ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်သူသင်တို့သည်ငါ့အတွက် ကြောင့်ပို၍ပင်ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။
Common Language Bible
In The King James Version
That your rejoicing may be more abundant in Jesus Christ for me by my coming to you again.
In Context
Cross References
John 16:22သင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော်လည်းသင်တို့နှင့်တစ်ဖန်ငါ ပြန်၍တွေ့ဦးမည်ဖြစ်သဖြင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ဝမ်းမြောက် ခြင်းကိုအဘယ်သူမျှမနုတ်မယူနိုင်။''
2 Corinthians 1:14ငါတို့၏အရှင်ယေရှုကြွလာတော်မူရာနေ့ ၌ငါတို့သည်သင်တို့အတွက်ဂုဏ်ယူဝါကြွား နိုင်သည့်နည်းတူ သင်တို့သည်လည်းငါတို့ အတွက်ဂုဏ်ယူဝါကြွားနိုင်ကြစေရန် သင် တို့သည်ယခုတစ်စိတ်တစ်ဒေသအားဖြင့် သာ သိရှိနားလည်ကြသည့်အကြောင်းအရာ များကိုပြည့်ဝစုံလင်စွာသိရှိနားလည် လာကြလိမ့်မည်ဟုငါမျှော်လင့်၏။
2 Corinthians 7:6သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-
Philippians 3:1ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော်သခင်ဘုရား နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဝမ်းမြောက် ကြလော့။ ယခင်ကငါရေးသားဖော်ပြပြီး သောအကြောင်းအရာများကိုယခုထပ်မံ၍ ဖော်ပြရသည်မှာဝန်မလေးပါ။ သင်တို့ပို၍ လုံခြုံစေရန်ဖြစ်၏။-
Philippians 4:4သင်တို့သည်သခင်ဘုရားနှင့် တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။