ဖိလိပ္ပိဩဝါဒစာ 1:9
သင်တို့သည်အမြတ်ဆုံးသောအရာကိုရွေးယူ နိုင်အံ့သောငှာအသိပညာ၊ ပိုင်းခြားဝေဖန်တတ် သောစွမ်းရည်တို့နှင့်ပြည့်စုံ၍မေတ္တာပါရမီတိုး သည်ထက်တိုးလာကြစေရန်သင်တို့အတွက် ငါဆုတောင်းပတ္ထနာပြုပါသည်။ သို့မှသာလျှင် သင်တို့သည်ခရစ်တော်ကြွလာတော်မူသော နေ့ရက်၌အပြစ်ဆိုဖွယ်မရှိဘဲအညစ် အကြေးနှင့်ကင်းစင်လိမ့်မည်။-
Common Language Bible
In The King James Version
And this I pray, that your love may abound yet more and more in knowledge and in all judgment;
In Context
Cross References
Proverbs 4:18ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
1 Corinthians 14:20ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-
Ephesians 5:17ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။
Colossians 1:9သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။-
1 Thessalonians 3:12မိမိတို့အချင်းချင်းနှင့်လူခပ်သိမ်းတို့ အပေါ် သင်တို့ထားရှိသောမေတ္တာသည် သင် တို့အပေါ် ငါတို့ထားရှိသည့်မေတ္တာတမျှ ကြီးမားလာစေရန် သင်တို့အားသခင် ဘုရားကူမတော်မူပါစေသော။-
1 Thessalonians 4:9ယုံကြည်သူအချင်းချင်းချစ်ကြစေရန်သင် တို့ကိုဘုရားသခင်သွန်သင်တော်မူခဲ့သဖြင့် သင်တို့အချင်းချင်းချစ်ရမည်အကြောင်းနှင့် ပတ်သက်၍ရေးသားရန်မလို။-