ဖိလိပ္ပိဩဝါဒစာ 2:14
သင်တို့လုပ်ဆောင်စရာရှိသမျှတို့ကိုမညည်း မတွား၊ မငြင်းမခုံဘဲလုပ်ဆောင်ကြလော့။-
Common Language Bible
In The King James Version
Do all things without murmurings and disputings:
In Context
Cross References
Exodus 16:7နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
Psalms 106:25သူတို့သည်မိမိတို့၏တဲများတွင်နေ၍ ညည်းညူကြ၏။ ထာဝရဘုရား၏စကားတော်ကိုနားမ ထောင်ကြ။
Proverbs 15:17ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။
Mark 9:33ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရ နောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲသို့ဝင်ပြီး နောက် ကိုယ်တော်က ``သင်တို့သည်လမ်းတွင် အဘယ်အကြောင်းအရာများကိုဆွေးနွေး ကြသနည်း'' ဟုတပည့်တို့အားမေးတော်မူ၏။-
Acts 6:1ကာလအနည်းငယ်ကြာသော်တပည့်တော် အရေအတွက်မှာ တိုးတက်များပြားလာ၏။ ထိုအခါဂရိစကားကိုသုံးစွဲသူယုဒ အမျိုးသားများနှင့် ဒေသခံယုဒအမျိုး သားတို့အငြင်းပွားကြ၏။ ဂရိစကား သုံးစွဲသူယုဒအမျိုးသားတို့က မိမိတို့ မုဆိုးမများနေ့စဉ်အသုံးစရိတ်မရ ရှိကြောင်းပြစ်တင်ပြောဆိုကြ၏။-
Acts 15:7အတော်ပင်အချေအတင်ဆွေးနွေးကြပြီး သောအခါ ပေတရုသည်နေရာမှထ၍ ``ညီ အစ်ကိုတို့၊ လူမျိုးခြားတို့သည်သတင်းကောင်း ကိုကြား၍ယုံကြည်နိုင်စေရန် ဘုရားသခင် သည်လွန်ခဲ့သည့်ကာလအတန်ကြာက သတင်း ကောင်းကိုကြေညာရန်အတွက် ငါ့အားသင်တို့ အထဲမှရွေးချယ်ခန့်ထားတော်မူခဲ့ကြောင်း သင်တို့သိကြ၏။-