The Bible Software
bible.software › ဖိလိပ္ပိဩဝါဒစာ › ဖိလိပ္ပိဩဝါဒစာ 2 › ဖိလိပ္ပိဩဝါဒစာ 2:3

ဖိလိပ္ပိဩဝါဒစာ 2:3

ကြွား​ဝါ​လို​သော​စိတ်၊ ကျော်​စော​ကိတ္တိ​ကို​တပ်​မက် သော​စိတ်​တို့​ဖြင့်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ကြ နှင့်။ သူ​တစ်​ပါး​သည်​မိ​မိ​ထက်​သာ​သည်​ဟု အ​စဉ်​ယူ​ဆ​လျက်​စိတ်​နှိမ့်​ချ​ကြ​လော့။-

Common Language Bible

In The King James Version

Let nothing be done through strife or vainglory; but in lowliness of mind let each esteem other better than themselves.

In Context

2သို့​ဖြစ်​၍​သင်​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ ခြင်း၊ အ​ချင်း​ချင်း​ချစ်​ခြင်း၊ စိတ်​သဘော​တ​ညီ တ​ညွတ်​တည်း​ရှိ​ခြင်း​အား​ဖြင့်​ငါ့​အား​အ​ကြွင်း မဲ့​ဝမ်း​မြောက်​စေ​ကြ​လော့။-

4မိ​မိ​၏​အ​ကျိုး​ကို​သာ​မ​ရှာ​ဘဲ​အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ရှာ​ကြ​လော့။-

Read all of ဖိလိပ္ပိဩဝါဒစာ 2

Cross References

Proverbs 13:10မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ၏။

Luke 18:14သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သူ​တော်​ကောင်း အ​ဖြစ်​ဖြင့်​အိမ်​သို့​ပြန်​ရ​၏။ ဖာ​ရိ​ရှဲ​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း​ခံ​ရ ၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ခံ​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော် မူ​၏။

Romans 13:13ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည်​သူ​များ ကဲ့​သို့​ကောင်း​မွန်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ ကြ​ရ​မည်။ အ​ရက်​သေ​စာ​သောက်​ကြူး​ခြင်း၊ အ​ကျင့်​ဖောက်​ပြား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း​နှင့်​မ​နာ​လို​ခြင်း​တို့​ကို ရှောင်​ကြဉ်​ကြ​ရ​မည်။-

1 Corinthians 15:9ငါ​သည်​တ​မန်​တော်​တို့​တွင်​အ​ညံ့​ဆုံး​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​အသင်း​တော်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ ခဲ့​သူ​ဖြစ်​သ​ဖြင့် တ​မန်​တော်​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်။-

Galatians 5:15သို့​သော်​သား​ရဲ​တိရစ္ဆာန်​အ​ချင်း​ချင်း​ကိုက်​သတ် ကြ​သ​ကဲ့​သို့ သင်​တို့​ပြု​ကြ​ပါ​လျှင် အ​ချင်း ချင်း​ဖျက်​ဆီး​ရာ​ရောက်​မည်​ဖြစ်​ကြောင်း​သ​တိ ပြု​ကြ​လော့။

Galatians 5:26ငါ​တို့​သည်​မာန်​မာ​န​မ​ရှိ​ရ။ အ​ချင်း​ချင်း အ​မျက်​ထွက်​အောင်​မ​ဆွ​ရ။ မ​နာ​လို​ခြင်း မ​ရှိ​ရ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)

Study ဖိလိပ္ပိဩဝါဒစာ 2:3

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← ဖိလိပ္ပိဩဝါဒစာ 2:2ဖိလိပ္ပိဩဝါဒစာ 2ဖိလိပ္ပိဩဝါဒစာ 2:4 →