ဖိလိပ္ပိဩဝါဒစာ 3:10
ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 20:23ကိုယ်တော်က ``သင်တို့သည်ငါ၏ခွက်မှအမှန်ပင် သောက်ရကြလိမ့်မည်။ သို့ရာတွင်ငါ၏လက်ယာရံ နှင့်လက်ဝဲရံအဖြစ်ကိုမူငါမပေးပိုင်။ ဤအခွင့် အရေးများသည်ငါ့ခမည်းတော်စီမံပြင်ဆင်ထား သူများအတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။
John 10:18အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
John 17:3ထာဝရအသက်ဟူသည်တစ်ဆူတည်းသော ဘုရားဖြစ်တော်မူသည့်ကိုယ်တော်ကိုလည်း ကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသောယေရှု ခရစ်ကိုလည်းကောင်းသိကျွမ်းခြင်းပင်ဖြစ် ပါ၏။-
Romans 6:3ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်ရန်ဗတ္တိဇံမင်္ဂလာခံကြသော အခါ တစ်ချိန်တည်းမှာပင်ကိုယ်တော်နှင့်အတူ အသေခံကြကြောင်းကိုသင်တို့အမှန်ပင် သိကြ၏။-
Romans 8:17ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။
1 Corinthians 15:21လူတစ်ယောက်ကြောင့်ကမ္ဘာပေါ်တွင်သေခြင်း တရားဖြစ်ပေါ်လာသကဲ့သို့ လူတစ်ယောက် ကြောင့်ပင်လျှင် သေခြင်းမှရှင်ပြန်ထမြောက် ခြင်းတရားသည်လည်းဖြစ်ပေါ်လာ၏။-