ဖိလိပ္ပိဩဝါဒစာ 3:5
ငါသည်ရှစ်ရက်မြောက်သောနေ့၌အရေဖျား လှီးမင်္ဂလာကိုခံယူလျက်ဣသရေလလူမျိုး ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲအမျိုးသားမိဘများမှ ပေါက်ဖွားသူဖြစ်၏။ ပညတ်တရားစောင့်ထိန်းမှုနှင့် ပတ်သက်၍ဆိုသော်ငါသည်ဖာရိရှဲဂိုဏ်းဝင်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:12ကျွန်တော်မျိုးတို့နှင့်အတူကိုယ်ရံတော်မှူး ၏ကျွန်ဟေဗြဲလူငယ်တစ်ယောက်ရှိပါသည်။ ကျွန်တော်မျိုးတို့၏အိပ်မက်ကိုသူ့အားပြော ပြ၍သူသည်အိပ်မက်၏အနက်ကိုဖွင့်ပြပါ သည်။-
Jonah 1:9ယောနက``ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ကုန်းမြေနှင့်ပင်လယ်ကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ထာဝရဘုရားကိုကိုးကွယ်သူဖြစ်သည်'' ဟုဖြေကြား၏။-
Luke 2:21သူငယ်တော်ရှစ်ရက်သားရှိ၍အရေဖျားလှီး မင်္ဂလာခံယူရန်အချိန်စေ့သောအခါ သူ့အား ယေရှုဟုနာမည်မှည့်ကြ၏။ ဤနာမည်ကား သူငယ်တော်ပဋိသန္ဓေမနေမီကပင် ကောင်းကင် တမန်ကမှည့်ခေါ်စေသည့်နာမည်ဖြစ်၏။
John 7:21သခင်ယေရှုက ``ဥပုသ်နေ့၌အံ့သြဖွယ်အမှု တစ်ခုကိုငါပြုသောအခါ သင်တို့အားလုံး ပင်အံ့အားသင့်သွားကြ၏။-
Acts 22:3ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-