ဖိလိပ္ပိဩဝါဒစာ 4:19
ငါ၏ဘုရားသခင်သည်စည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား ခရစ်တော်ယေရှုအားဖြင့် သင်တို့လိုသမျှ သောအရာတို့ကိုပေးသနားတော်မူပါ စေသော။-
Common Language Bible
In The King James Version
But my God shall supply all your need according to his riches in glory by Christ Jesus.
In Context
20ငါတို့၏အဖဘုရားသခင်သည်ကမ္ဘာအဆက် ဆက် ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။
Cross References
Genesis 48:15ယောသပ်အားကောင်းချီးပေးလေသည်။ ``ငါ၏အဘိုးအာဗြဟံနှင့်အဖဣဇာက်တို့ ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုယနေ့တိုင်အောင်စောင့်ရှောက်တော်မူသော ဘုရားသခင်၊ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ ကယ်တင်တော်မူသောကောင်းကင်တမန်သည် ဤသူငယ်တို့အားကောင်းချီးပေးတော်မူပါ စေသော။ ငါ၏နာမည်၊ငါ၏အဘိုးအာဗြဟံနှင့် အဖဣဇာက်တို့၏နာမည်သည် သူတို့အားဖြင့်တည်မြဲနိုင်ပါစေသော။ သူတို့၏အဆက်အနွယ်သည်တိုးပွား များပြားကြပါစေသော။''
2 Samuel 22:7ငါသည်ဒုက္ခရောက်၍ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကူမတော်မူရန်ငါ၏ဘုရားသခင်အား ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှာငါ၏အသံ ကို ကြားတော်မူ၏။ ကူမတော်မူရန်ငါဟစ်ခေါ်သံကိုကြားတော် မူ၏။
2 Chronicles 31:8မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
Nehemiah 9:15``သူတို့ဆာလောင်မွတ်သိပ်ကြသောအခါ မိုးကောင်းကင်မှအစားအစာကိုချပေး တော်မူ၍ ရေငတ်ကြသောအခါကျောက်ဆောင်ထဲမှ ထွက်သောရေကိုပေးတော်မူပါ၏။ ကိုယ်တော်ပေးတော်မူမည်ဟု ကတိထားသောပြည်ကိုသိမ်းပိုက်ရန် သူတို့အား မိန့်တော်မူပါ၏။
Psalms 36:8ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
Psalms 84:11ထာဝရဘုရားသည်ငါတို့အား ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။