ဖိလိပ္ပိဩဝါဒစာ 4:7
ထိုသို့ပြုလျှင်လူ့ဉာဏ်ဖြင့်ကြံဆနားလည် ရန်မစွမ်းနိုင်သောဘုရားသခင်၏ငြိမ်သက် ခြင်းသည် ခရစ်တော်ယေရှုနှင့်သင်တို့တစ် လုံးတစ်ဝတည်းဖြစ်သောအားဖြင့် သင်တို့ ၏စိတ်နှလုံးနှင့်အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Nehemiah 8:10ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
Job 34:29ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
Psalms 85:8ငါသည်ထာဝရအရှင်ဘုရားသခင် မိန့်တော်မူသည်ကိုနားထောင်လျက်နေ၏။ ငါတို့သည်မိုက်မဲသောလမ်းစဉ်ကိုစွန့်ပစ်ပါလျှင် ကိုယ်တော်သည်မိမိ၏လူစုတော်တည်းဟူသော ငါတို့အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူမည်ဟု ကတိပြုတော်မူပါ၏။
Proverbs 4:6ပညာကိုမစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။
Isaiah 26:3အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
Isaiah 45:7ငါသည်အလင်းနှင့်အမှောင်ကိုဖန်ဆင်း၏။ ကောင်းကြီးမင်္ဂလာနှင့်ဘေးအန္တရာယ်ကိုပါ ဆောင်ယူပေး၏။ ဤအမှုအရာအပေါင်းကိုငါထာဝရဘုရား ပြုတော်မူပေသည်။