The Bible Software
bible.software › ဖိလိပ္ပိဩဝါဒစာ › ဖိလိပ္ပိဩဝါဒစာ 4 › ဖိလိပ္ပိဩဝါဒစာ 4:9

ဖိလိပ္ပိဩဝါဒစာ 4:9

ငါ​၏​ထံ​တွင်​သင်​ကြား​မြင်​ခဲ့​သ​မျှ​ကို​ပြု ကျင့်​ကြ​လော့။ သို့​ပြု​လျှင်​ငါ​တို့​အား​ငြိမ် သက်​ခြင်း​ကို​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။

Common Language Bible

In The King James Version

Those things, which ye have both learned, and received, and heard, and seen in me, do: and the God of peace shall be with you.

In Context

8ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပြော​ရ လျှင် သင်​တို့​သည်​မှန်​ကန်​သော​အ​ရာ၊ မွန်​မြတ် သော​အ​ရာ၊ လျောက်​ပတ်​သော​အ​ရာ၊ ဖြူ​စင် သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​သ​ရေ ရှိ​သော​အ​ရာ​တည်း​ဟူ​သော​ကောင်း​မြတ်​၍ ချီး​မွမ်း​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။-

10ဤ​မျှအ​ချိန်​ကာ​လ​ကြာ​ညောင်း​ပြီး​မှ​သင်​တို့ သည် ငါ့​အား​မိ​မိ​တို့​၏​မေတ္တာ​စေ​တ​နာ​ကို​တစ် ဖန်​ပြန်​၍​ပြ​သ​ကြ​သည့်​အ​တွက် ငါ​သည် သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ တစ်​ဦး​အ​နေ​ဖြင့်​အ​လွန်​ပင်​ဝမ်း​မြောက်​ပါ​၏။ ယ​ခင်​အ​ခါ​က​သင်​တို့​သည်​ငါ​၏​အ​ပေါ် တွင်​မေတ္တာ​စေ​တ​နာ​မ​ထား​ဘဲ​နေ​ခဲ့​ကြ သည်​ဟု​ငါ​မ​ဆို​လို​ပါ။ ထို​မေတ္တာ​စေ​တ​နာ ကို​ပြ​သ​နိုင်​ခွင့်​မ​ရ​ခဲ့​ကြောင်း​ကို​သာ ဆို​လို​ပါ​၏။-

Read all of ဖိလိပ္ပိဩဝါဒစာ 4

Cross References

Isaiah 8:10သင်​တို့​၏​စီ​မံ​ကိန်း​များ​ကို​ရေး​ဆွဲ​ကြ​လော့။ သို့​ရာ​တွင်​ထို​စီ​မံ​ကိန်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​ပြော လို​သ​မျှ​သော​စ​ကား​များ​ကို​ပြော​ဆို​ကြ​လော့။ သို့​ရာ​တွင်​ယင်း​တို့​သည်​အ​ချည်း​နှီး​သာ​လျှင် ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။

Matthew 1:23ဗျာ​ဒိတ်​တော်​ကား ``အ​ပျို​က​ညာ​သည်​ကိုယ်​ဝန် ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​ကို​ဧ​မာ​နွေလ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သ​တည်း။

Matthew 7:21``ငါ့​ကို `သ​ခင်၊ သ​ခင်' ဟု​ခေါ်​သော​သူ​တိုင်း​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင် ဘုံ​ရှင်​ငါ့​အ​ဖ​၏​အ​လို​တော်​အ​တိုင်း​လိုက်​လျှောက် သူ​သာ​လျှင်​ဝင်​ရ​လိမ့်​မည်။-

Matthew 28:20သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။

Luke 8:21ထို​အ​ခါ​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တော်​ကို​ကြား​၍​လိုက်​လျှောက်​သူ​တို့​ကား ငါ​၏​အ​မိ၊ ငါ​၏​ညီ​များ​ပေ​တည်း'' ဟု​မိန့်​တော် မူ​၏။

John 13:17ဤ​သစ္စာ​စ​ကား​ကို​သင်​တို့​ယ​ခု သိ​ကြ​လေ ပြီ။ ယင်း​သို့​သိ​သည့်​အ​တိုင်း​ကျင့်​သုံး​ကြ​ပါ လျှင်​မင်္ဂ​လာ​ရှိ​ကြ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)

Study ဖိလိပ္ပိဩဝါဒစာ 4:9

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← ဖိလိပ္ပိဩဝါဒစာ 4:8ဖိလိပ္ပိဩဝါဒစာ 4ဖိလိပ္ပိဩဝါဒစာ 4:10 →