Proverbs 10:27
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
Common Language Bible
In The King James Version
The fear of the LORD prolongeth days: but the years of the wicked shall be shortened.
In Context
26ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။
Cross References
Job 15:32အချိန်မစေ့မှီဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏ အခက်အလက်သည် မစိမ်းရာ။
Psalms 21:4သူသည်အသက်ကိုတောင်းခံ၍ကိုယ်တော်ရှင်သည် သူ့အားအသက်ကိုပေးတော်မူသည်သာမက ရှည်၍မကုန်မဆုံးနိုင်သောအသက်ကို ပေးတော်မူပြီ။
Psalms 55:23သို့ရာတွင် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည် လူသတ်သမားများနှင့်လူလိမ်များအား သူတို့သက်တမ်းထက်ဝက်မကျိုးမီသင်္ချိုင်း တွင်းသို့ သက်ဆင်းစေတော်မူမည်။ ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်ကိုကိုးစား ပါမည်။
Psalms 92:15ဤကားထာဝရဘုရားသည်တရား မျှတတော်မူကြောင်းကိုလည်းကောင်း ငါ့ကိုကွယ်ကာသောအရှင်သည်ကောင်းမြတ် စုံလင်တော်မူကြောင်းကိုလည်းကောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။
Proverbs 3:16သူ၏လက်ျာလက်၌ အသက်တာရှည်သော ကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။
Ecclesiastes 7:17လွန်ကျူးစွာမဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း။