Proverbs 11:17
သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
Common Language Bible
In The King James Version
The merciful man doeth good to his own soul: but he that is cruel troubleth his own flesh.
In Context
16နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
Cross References
Job 20:16သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
Psalms 41:1ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။ ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
Psalms 112:4သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက် အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။
Proverbs 22:9ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
Isaiah 32:7သူသည်ဆိုးညစ်သူဖြစ်၍ဆိုးညစ်မှုများကို သာပြုတတ်၏။ ဆင်းရဲသူတို့၏အခွင့်အရေး များပျက်စီးရာပျက်စီးကြောင်းကိုလိမ်လည် ၍ကြံစည်တတ်၏။-
Isaiah 58:7ဆာငတ်မွတ်သိပ်သူတို့ကိုကျွေးမွေးခြင်း၊ နေ စရာမရှိသည့်ဆင်းရဲသားတို့အားနေရာ ထိုင်ခင်းပေးအပ်ခြင်း၊ အဝတ်အစားချို့တဲ့ သူတို့အားပေးကမ်း၍သင်တို့အမျိုးသား များအားကူညီမစရမည့်တာဝန်ကိုမ ရှောင်မလွှဲဘဲနေခြင်းတို့ပင်ဖြစ်ပေသည်။