Proverbs 11:22
သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
Common Language Bible
In The King James Version
As a jewel of gold in a swine’s snout, so is a fair woman which is without discretion.
In Context
Cross References
Genesis 24:47ကျွန်ုပ်က`သင်သည်မည်သူ၏သမီးဖြစ်သနည်း' ဟုမေးသော်သူက`ကျွန်မသည်နာခေါ်နှင့်မိလ ခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါသည်' ဟုဖြေပါသည်။ ထိုအခါကျွန်ုပ်သည်သူ၏နှာ ခေါင်းတွင်နှာဆွဲကိုလည်းကောင်း၊ လက်တွင်လက် ကောက်များကိုလည်းကောင်းဝတ်ဆင်ပေးပါ သည်။-
Proverbs 9:13မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
Proverbs 31:30ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
Nahum 3:4နိနေဝေမြို့တည်းဟူသောပြည့်တန်ဆာမသည် အပြစ်ဒဏ်ခံရလေပြီ။ သူသည်လူတို့၏စိတ်ကိုယိုဖိတ်စေလောက်အောင် ချောမောလှသဖြင့်၊လူမျိုးတကာ၏စိတ်ကို ဆွဲဆောင်ကာ ဖြားယောင်းသွေးဆောင်ခဲ့ပေသည်။
2 Peter 2:22``ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ် ၏'' ဟူသောဆိုရိုးစကားသည်လည်းကောင်း``ဝက် ကိုရေချိုးပေးပါမူသူသည်ရွှံ့နွံတွင်ပြန်၍ လူးတတ်၏'' ဟူသောဆိုရိုးစကားသည်လည်း ကောင်းထိုသူတို့အတွက်မှန်လျက်နေတော့၏။