Proverbs 11:29
မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 34:30ထိုအခါယာကုပ်ကရှိမောင်နှင့်လေဝိတို့ အား``သင်တို့သည်ငါ့ကိုဒုက္ခရောက်စေပြီ။ ဤ ပြည်မှခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုး သားတို့သည်ငါ့ကိုမုန်းကြလိမ့်မည်။ ငါ့ထံ၌ လူအင်အားအနည်းငယ်သာရှိသည်။ အကယ်၍ သူတို့စည်းရုံးကြပြီးလျှင်ငါ့ကိုတိုက်ခိုက် ပါက ငါတို့မိသားစုအားလုံးသေကြေ ပျက်စီးရကြလိမ့်မည်'' ဟုပြောလေ၏။
1 Samuel 25:38ဆယ်ရက်ခန့်ကြာသော်ထာဝရဘုရားဒဏ် ခတ်တော်မူသဖြင့်နာဗလကွယ်လွန်လေ၏။
Proverbs 15:27မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။
Hosea 8:7သူတို့သည်လေကိုကြဲသဖြင့်မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်။ လယ်စပါးမရင့်မှည့် လျှင်ဆန်စပါးကိုမရနိုင်။ ထိုလယ်မှဆန် စပါးထွက်သည့်တိုင်အောင်အခြားနိုင်ငံ သားတို့စားသုံးကြလိမ့်မည်။-