Proverbs 15:1
ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။
Common Language Bible
In The King James Version
A soft answer turneth away wrath: but grievous words stir up anger.
In Context
Cross References
Judges 8:3သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။
1 Samuel 25:10နာဗလကလည်း``ဒါဝိဒ်ဆိုသူမှာအဘယ် သူနည်း။ သူ၏အကြောင်းကိုငါတစ်ခါမျှ မကြားဘူးပါတကား။ ယခုခေတ်အခါ ၌တိုင်းပြည်သည်ကျွန်ပြေးများနှင့်ပြည့် နှက်လျက်ရှိနေလေပြီ။-
2 Samuel 19:43ဣသရေလပြည်သားအပေါင်းတို့က``ဒါဝိဒ် မင်းသည်သင်တို့ပြောသည့်အတိုင်းသင်တို့ အနွယ်ဝင်ပင်ဖြစ်စေကာမူ ငါတို့သည်သင် တို့ထက်ဆယ်ဆပို၍သူ့အားပိုင်ဆိုင်ခွင့်ရှိ ပါ၏။ သင်တို့သည်အဘယ်ကြောင့်ငါတို့ အားအထင်သေးကြပါသနည်း။ အမှန် စင်စစ်မင်းကြီးအားပြန်လည်ဖိတ်ခေါ်ရန် ဦးစွာပထမပြောဆိုကြသူများကား ငါတို့ပင်ဖြစ်ပါ၏'' ဟုဆို၏။ သို့ရာတွင်ဤသို့အရေးဆိုရာတွင်ယုဒ ပြည်သားတို့ကဣသရေလပြည်သားတို့ ထက်ပို၍ပြင်းထန်ကြ၏။
1 Kings 12:13ထိုအခါရောဗောင်သည်အသက်ကြီးသူအတိုင် ပင်ခံအမတ်များပေးသည့်အကြံကိုလျစ်လူ ရှုပြီးလျှင်၊-
2 Chronicles 10:7အမတ်တို့က``အကယ်၍အရှင်သည်သူတို့ အားကရုဏာပြလျက်နှစ်သက်စေသော စကားဖြင့်ဖြေကြားပါလျှင်သူတို့သည် အရှင်၏အမှုတော်ကိုအစဉ်အမြဲသစ္စာ ရှိစွာထမ်းဆောင်ကြပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
Proverbs 10:12မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ်၏။ ချစ်သော စိတ်မူကား၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ်၏။