Proverbs 15:14
ဥာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
Common Language Bible
In The King James Version
In Context
13ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။
Cross References
1 Kings 3:6ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
Psalms 119:100ကိုယ်တော်ရှင်၏ဥပဒေသတော်တို့ကို လိုက်နာသည်ဖြစ်၍အသက်ကြီးသူမားထက် ပို၍ပညာဉာဏ်ရှိပါ၏။
Proverbs 9:9ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
Proverbs 18:15သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
Isaiah 44:20သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
Acts 17:11ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-