Proverbs 16:29
ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ်၏။
Common Language Bible
In The King James Version
A violent man enticeth his neighbour, and leadeth him into the way that is not good.
In Context
28သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ်၏။
Cross References
1 Samuel 19:11ထိုညဥ့်၌ပင်လျှင်ဒါဝိဒ်၏အိမ်ကိုစောင့်ကြည့် ရန်နှင့် နောက်တစ်နေ့နံနက်၌ဒါဝိဒ်ကိုသတ် ရန်ရှောလုသည် လူအချို့တို့ကိုစေလွှတ်လိုက်၏။ ဒါဝိဒ်၏ဇနီးမိခါလသည်ဒါဝိဒ်အား``အရှင်၊ သင်သည်ယနေ့ညဥ့်၌ပင်ထွက်ပြေးပါလော့။ သို့မဟုတ်ပါကနက်ဖြန်ခါအသတ်ခံရပါ လိမ့်မည်'' ဟုသတိပေးပြီးနောက်၊-
1 Samuel 22:7မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-
Nehemiah 6:13ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
Proverbs 2:12ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊
Proverbs 12:26ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။