Proverbs 17:3
ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
Common Language Bible
In The King James Version
The fining pot is for silver, and the furnace for gold: but the LORD trieth the hearts.
In Context
2ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။
4မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။
Cross References
Deuteronomy 8:2သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-
1 Chronicles 29:17ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
Job 28:1ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
Psalms 66:10အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စစ်ဆေးတော်မူပါပြီ။ ငွေကိုမီးဖြင့်ချွတ်သကဲ့သို့ကျွန်တော်မျိုး တို့အား စစ်ဆေးတော်မူပါပြီ။
Proverbs 21:2လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
Isaiah 48:10ငွေကိုမီးဖိုတွင်ထည့်၍ချွတ်သကဲ့သို့ ငါသည်သင်တို့အားဆင်းရဲဒုက္ခမီးဖြင့် စုံစမ်းစစ်ဆေးပြီးဖြစ်၏။