Proverbs 19:15
ပျင်းရိသော သဘောသည် လွန်ကျူးစွာ အိပ် ပျော်စေ၍၊ ပျင်းရိသောသူသည် အငတ်ခံရ၏။
Common Language Bible
In The King James Version
Slothfulness casteth into a deep sleep; and an idle soul shall suffer hunger.
In Context
14အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။
Cross References
Proverbs 6:11ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
Proverbs 18:9အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
Proverbs 20:13ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
Proverbs 23:21သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။
Isaiah 56:10ကိုယ်တော်က``ငါ၏လူမျိုးတော်အားကြိုတင် သတိပေးသင့်သူများဖြစ်သည့်ခေါင်းဆောင် တို့သည်မျက်စိကန်းလျက်နေကြ၏။ သူတို့ သည်အဘယ်အရာကိုမျှမသိ။ မဟောင်တတ် သည့်အိမ်စောင့်ခွေးများနှင့်တူကြ၏။ သူတို့ သည်လဲလျောင်းကာအိပ်မက်ဝင်လျက်သာ နေတတ်ကြ၏။ သူတို့သည်အလွန်အအိပ် မက်သူများဖြစ်ပါသည်တကား။-
Ephesians 5:14အဘယ်ကြောင့်ဆိုသော်အလင်းသည်ခပ်သိမ်း သောအရာတို့ကိုပေါ်လွင်ထင်ရှားစေသော ကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့်ကျမ်းစာ တော်တွင်၊ ``အိပ်ပျော်သူ၊ ထလော့။ သေခြင်းမှထြေမာက်လော့။ ခရစ်တော်သည်သင့်အပေါ်သို့ ထွန်းလင်းတော်မူလိမ့်မည်'' ဟုပါရှိသတည်း။