Proverbs 20:1
စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။
Common Language Bible
In The King James Version
Wine is a mocker, strong drink is raging: and whosoever is deceived thereby is not wise.
In Context
Cross References
Genesis 9:21သူသည်စပျစ်ရည်သောက်၍မူးယစ်လာသဖြင့် မိမိအဝတ်များကိုချွတ်ပစ်ပြီးလျှင် တဲထဲ၌ကိုယ်တုံးလုံးနေလေ၏။-
Genesis 19:33ထိုည၌သူတို့သည်ဖခင်အားစပျစ်ရည်တိုက်၍ သမီးအကြီးသည်ဖခင်နှင့်အိပ်လေ၏။ ဖခင်သည်မူးယစ်နေသဖြင့် မိမိပြုသည့်အမှုကိုမိမိမသိချေ။
2 Samuel 11:13ဒါဝိဒ်သည်သူ့အားညစာစားရန်ဖိတ်ခေါ်ပြီး လျှင်ယစ်မူးအောင်သောက်စားစေ၏။ သို့သော် လည်းဥရိယသည်ထိုည၌လည်းအိမ်သို့မ ပြန်ဘဲနန်းတော်အစောင့်တပ်သားများ၏ အခန်းတွင်စောင်ခင်း၍အိပ်လေသည်။
1 Kings 20:16မွန်းတည့်ချိန်၌ဗင်္ဟာဒဒ်နှင့်မဟာမိတ်သုံးကျိပ် နှစ်ပါးတို့သည် မိမိတို့တဲရှင်များတွင်သေ ရည်သေရက်သောက်စားမူးယစ်နေကြစဉ်၊-
Proverbs 23:29အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊
Proverbs 31:4အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။