Proverbs 20:6
လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာ ရှိသော သူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
Common Language Bible
In The King James Version
Most men will proclaim every one his own goodness: but a faithful man who can find?
In Context
5လူစိတ်နှလုံး၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း၊ ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။
7ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
Cross References
Psalms 12:1အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ သူတော်ကောင်းတစ်ယောက်မျှမကျန်မရှိ တော့ပါ။ ရိုးသားဖြောင့်မတ်သူများကိုလည်းရှာ၍ မတွေ့နိုင်တော့ပါ။
Proverbs 25:14ပေးမည်ဟု ဝါကြွား၍ မပေးဘဲနေသောသူ သည် မိုဃ်းရေမပါသော တိမ်နှင့်လေကဲ့သို့ ဖြစ်၏။
Ecclesiastes 7:28ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့။
Micah 7:1မျှော်လင့်ချက်ကုန်ပြီ၊ ငါသည်ဆာလောင် သဖြင့် အပင်မှအသီးကိုသော်လည်းကောင်း၊ စပျစ်နွယ်မှစပျစ်သီးကိုသော်လည်းကောင်း ရှာသော်လည်း တစ်လုံးကိုမျှမတွေ့ရသော သူကဲ့သို့ဖြစ်၏။ စပျစ်သီးရှိသမျှနှင့်စား ချင်ဖွယ်ကောင်းသောသဖန်းသီးရှိသမျှ ကိုဆွတ်ခူးသွားကြပြီ။-
Matthew 6:2``ထိုကြောင့်သင်သည်လှူဒါန်းသောအခါသူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ တရားဇရပ်များ နှင့်လမ်းဆုံလမ်းခွများတွင်မိမိတို့ကိုယ်ကိုထင် ပေါ်အောင်မပြုကြနှင့်။ သူတို့သည်လူများ၏ အချီးအမွမ်းကိုခံလို၍ဤသို့ပြုကြခြင်း ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကားထိုသူတို့ခံစားလိုသည့်အကျိုးကို ခံစားရကြ၏။-
Luke 18:11ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် `အို ဘုရား သခင်၊ အခြားသောသူတို့သည်လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့အိမ်ရာကိုပြစ်မှားသူများ ဖြစ်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ကဲ့သို့ မဟုတ်သဖြင့်လည်းကောင်း၊ ဤအခွန်ခံသူ ကဲ့သို့ပင်မဟုတ်သဖြင့်လည်းကောင်း ကိုယ် တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-